သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-25
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် တပ်ဆွဲကျေးရွာ မှာ အစိုးရရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး "မြစိမ်းရောင်စီမံကိန်း" အတွက် ငွေချေးပေးရာ မှာ ငွေကြေးအလွဲသုံးစားမှုတွေ ရှိနေတယ် ဆိုပြီး ကျေးရွာသား ၅ဝ ကျော်က ဒီနေ့ ဆန္ဒပြ ခဲ့ကြပါတယ်။
2015-05-25
မြန်မာနိုင်ငံ တောင်သူလယ်သမား ဖံ့ွဖြိုးတိုးတက်ရေးပါတီက ဧရာဝတီတိုင်းနဲ့ တခြားတိုင်းဒေသကြီးတချို့မှာ တောင်သူလယ်သမားတွေထံက ပါတီမှတ်ပုံတင်ကြေး ကောက်ခံတာအပြင် ငွေချေးပေးမယ်ဆိုပြီး စည်ရုံးမှုတွေ ရှိနေတဲ့အတွက် တိုင်ကြားမှုတွေ ရှိနေပါတယ်။
2015-05-24
အင်ဒိုနီးရှား မလေးရှားနဲ့ ထိုင်းနိုင်ငံတွေဆီကို ဦးတည်သွားကြတဲ့ လှေစီးဒုက္ခသည်တွေဟာ လူမှောင်ခိုကူးသူတွေကတစ်ဆင့် သွားရောက်ကြ တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မောင်တော မြို့နယ်မှာ ကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ က လှေစီးဒုက္ခသည်တွေက ပြောကြပါတယ်။
2015-05-21
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီဝင် ၁၇ဝ လောက်က ပါတီဝင်အဖြစ်ကနေ ဒီနေ့ နှုတ် ထွက်လိုက်ပါတယ်။
2015-05-21
ရှမ်းပြည်နယ် တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စုက လယ်ယာမြေဧက ၅ဝဝဝ ကျော်ကို စစ်တပ်ကသိမ်းဆည်းပြီး တန်းလျားဆောက်လုပ်ဖို့ စီစဉ်နေတဲ့အပေါ် မကျေနပ်တဲ့အတွက် လယ်ယာမြေဆုံးရှုံးခဲ့တဲ့ ယာပိုင်ရှင်တစ်ဦးက ဒီနေ့မနက်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြလိုက်ပါတယ်။
2015-05-18
မျိုးစောင့်ဥပဒေ လေးမျိုးထဲက တစ်ခုဖြစ်တဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ အမျိုးသားလွှတ်တော် မှာ ဆွေးနွေးခဲ့ပါတယ်။
2015-05-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာရှိတဲ့ ဓနသဟာယ စစ်သချိုၤင်းအနီးက ကြာကန်ဘောလုံး ကွင်းမှာ မြို့ခံတွေနဲ့တွေ့ဆုံပြီး မိန့်ခွန်းပြောကြားခဲ့ ပါတယ်။
2015-05-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ် ကွက်မှာရှိတဲ့ အထက ၂ ဘောလုံးကွင်းမှာ ဒီနေ့ ညနေက မြို့ခံတွေနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောခဲ့ သလို နေ့လည်ပိုင်းမှာ သထုံမြို့မှာလည်း ဒေသ ခံတွေနဲ့ တွေ့ဆုံစကား ပြောကြားခဲ့ပါတယ်။
2015-05-17
ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံနေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ အမုန်းတရား ပွားများစေမယ့် အကြောင်းအရာတွေကို ရှောင်ရှားနိုင်ဖို့ အတွက်ရည်ရွယ် ပြီး မြန်မာ-အမေရိကန် ချစ်ကြည်ရေး အသင်းက "ကွဲပြားစုံလင်မှုတို့ ပေါင်းစုံခြင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို မန္တလေးမြို့မှာ ကျင်းပနေပါတယ်။
2015-05-14
ပြည်ထဲရေးဝန်ကြီးဌာနက ရေးဆွဲမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ခက်ခဲစေမယ့် အချက်တွေပါလာရင် ကန့်ကွက်သွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ် အမတ်တချို့က ပြော ပါတယ်။
2015-05-14
မျိုးစောင့်ဥပဒေ လေးမျိုးထဲမှာပါဝင်တဲ့ "ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း"ကို အမျိုးသားလွှတ်တော်မှာ ဒီနေ့ ဆွေးနွေးအတည်ပြုလိုက်ပါတယ်။
2015-05-14
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် နန်းတော်ကုန်းနဲ့ တံတိုင်းတွေ၊ ရှေးဟောင်းလက်ရာတွေကို ပြုပြင်ထိန်းသိမ်းရာမှာ ဘိလပ်မြေတွေ၊ ကျောက်တုံးအသစ်တွေကို အစားထိုးပြုပြင်လိုက်တာကြောင့် ရှေးခေတ်လက်ရာတွေ ပျက်စီးဆုံးရှုံးနေပါတယ်။
2015-05-13
စစ်တပ်က ပစ်သတ်လိုက်တဲ့အတွက်သေဆုံးသွား ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့အမှုကို စစ်ဘက်ဆိုင်ရာတရားရုံးမှာ စစ်ဆေးခဲ့ပြီးနောက် ပစ်ခတ်မှုကျူးလွန်သူ တပ်ကြပ်နှစ်ဦးကို အမှုက တရားသေလွှတ်ပေးခဲ့ပါတယ်။
2015-05-13
အစိုးရတပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တို့ အခုရက်ပိုင်း တိုက်ပွဲတွေ အတော်လေးပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သလို ကချင်ပြည်နယ်ဘက်မှာလဲ KIA ကချင်တပ်တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
2015-05-13
မြန်မာနိုင်ငံမှာ ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် အစိုးရသတ်မှတ်ပေးတဲ့နှုန်းထက် ပိုရောင်းဝယ်ရင် အရေးယူမယ်လို့ နိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာအရောင်း အဝယ် လုပ်တဲ့ ဘဏ်လုပ်ငန်းရှင်တွေနဲ့ ငွေ လဲကောင်တာလုပ်ငန်းရှင် ၂၀၀ကျော်ကို မနေ့ က ခေါ်ယူသတိပေးလိုက်ပါတယ်။