သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-18
ပြည်ထောင်စုလွှတ်တော်မှာ တင်ထားတဲ့ ၂ဝဝ၈ ဖဲ့ွစည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းအပေါ် ဆွေးနွေးကြမယ့် လွှတ်တော်ကိုယ်စားလှယ် ၇ဝ ကျော် ရှိပါတယ်။ အဲ့ဒီကိုယ်စားလှယ်တွေထဲကမှ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ရွေးချယ်ပြီး ဆွေးနွေးခွင့်ပေးမယ်လို့ ပြောထားပါတယ်။
2015-06-17
မြန်မာနိုင်ငံမှာ အစိုးရက ရိုဟင်ဂျာမရှိကြောင်း တွင်တွင်ပြောနေပေမယ့်၊ နိုင်ငံတကာ အန်ဂျီအို လူ့အခွင့်အရေး အဖွဲ့တွေကတော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်ဆလင်တွေ လူမျိုးတုံးသတ်ဖြတ်ခံနေ ရတယ်ဆိုပြီး စွပ်စွဲပြောဆိုနေကြသလို ရိုဟင်ဂျာ မွတ်ဆလင် တွေကို တိုင်းရင်းသားအဖြစ် အသိ အမှတ်ပြုပေးဖို့၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေး ဖို့ကိုလည်း ဖိအားပေးပြောဆိုနေကြပါတယ်။
2015-06-17
တတိယအကြိမ်မြောက် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့မှာ ကျင်းပနေရာ လိင်တူချစ်သူတွေအကြောင်းကိုရိုက်ကူးထားတဲ့ မှတ်တမ်း ရုပ်ရှင်ကား ၃ ကားပါဝင်ပါတယ်။
2015-06-17
ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ရန်ကုန်တိုင်းဒေကြီးလွှတ်တော်မှာ အများစုနဲ့ သဘောတူဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။
2015-06-15
စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ (၂၈) ကြိမ်မြောက် ဆီးဂိမ်း (SEA Games) အရှေ့တောင်အာရှ အားကစားပွဲတော်မှာ အသက် ၂၃ အောက် အမျိုးသားဘောလုံး ဗိုလ်လုပွဲ ကို မြန်မာအသင်းနဲ့ ထိုင်းနိုင်ငံ အသင်းတို့ ဇွန်လ (၁၅) ရက် တနင်္လာနေ့မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
2015-06-14
ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင် ဘူးသီးတောင် ၊ မောင်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး စတဲ့ မြို့ပေါင်း ၈ ခုလောက်မှာ လှေစီးဒုက္ခသည်တွေကို လက်မခံဖို့ ဒီနေ့ ဆန္ဒပြကြပါတယ်။
2015-06-14
မြန်မာနိုင်ငံမှာ အများအတွက် လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူတွေထဲက ၂ဝ၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုတွေကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင်၊ တန်ဖိုးသင့်ညစာ ဖန်တီးသူ ဒေါက်တာ နန္ဒဝင်းနဲ့ အခမဲ့စာကြည့်တိုက် တည်ထောင်သူ ကိုဇော်ဇော်တို့က ရရှိခဲ့ပါတယ်။
2015-06-11
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃ဝဝ နီးပါးက လက်မှတ်ရေးထိုး တောင်းဆိုခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့မူကြမ်းမှာ အရေးကြီး တဲ့ ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ထားပြီး ပြည်ထောင်စုလွှတ်တော်မှာ တင်ပြထားပါတယ်။
2015-06-11
ဒီနေ့ဆိုရင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် ဆန္ဒပြသပိတ်မှောက် ဆန္ဒပြခဲ့ တဲ့ ကျောင်းသားတွေကို လက်ပံတန်းမှာ အကြမ်း ဖက်ဖြိုခွဲခဲ့တာ ၃ လတင်းတင်းပြည့်ပြီ ဖြစ်ပါတယ်။ ဒီ ၃ လအတွင်း ကျောင်းသားတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ဆောင်ရွက်မှုတွေဟာ အနှုတ် လက္ခဏာ ပြနေတယ်လို့ သုံးသပ်မှုတွေရှိနေ ပါတယ်။
2015-06-11
NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို ဒီကနေ့ ထွက်ခွာသွားပြီဖြစ်ပါတယ်။
2015-06-11
သံလွင်မြစ်ထဲကရေကို မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေကို တူးမြောင်းတွေ တည်ဆောက်ပြီး လွဲှပြောင်းပေးဖို့ တိုက်တွန်းတဲ့အဆိုကို အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၈ ဦးက ဒီနေ့ ဆွေးနွေးရာ တိုင်းရင်းသား ကိုယ်စားလှယ်တွေက ကန့်ကွက်လိုက်ကြပါတယ်။
2015-06-11
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နဲ့ တောင်ကြီးမြို့တို့ကို ဇွန်လ ၉ ရက်နေ့ကနေ ၁ဝ ရက်နေ့အထိ ၂ ရက်ကြာသွားရောက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေအပြင် ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
2015-06-08
အမျိုးသားလွှတ်တော်မှာ လှေစီးဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး အရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၄ ဦးဆွေးနွေးခဲ့ကြ ပါတယ်။
2015-06-08
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁ဝ ခုက မဲပေးပိုင်ခွင့်ရှိသူစာရင်းကို ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ထုတ်ပြန်ရာမှာ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာလွဲမှားတာမျိုးတွေအပြင် သေဆုံးပြီးသူတွေရဲ့ နာမည်ပါတာမျိုး အမှားတွေရှိနေပါတယ်။
2015-06-08
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးဟာ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှုတွေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရှင်းပြခဲ့ပါတယ်။