သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-13
မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ တသီး ပုဂ္ဂလကိုယ်စား လှယ်တွေကို မဲပေး မယ့်အစား အစိုးရဖွဲ့နိုင်တဲ့ ပါတီကိုသာ မဲပေးကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား လိုက်ပါတယ်။
2015-09-07
အမျိုးသားဒီမိုကရေစီအဖွဲွ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီနေ့မနက်က ရှမ်းပြည်နယ်တောင်ပိုင်း ၊ဟိုပုံးမြို့မှာ ဒေသခံတွေနဲ့တွေ့ဆုံပြီး ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ ပါတယ်။
2015-09-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့မှာရှိတဲ့ မင်္ဂလာဘုရားဝင်းအတွင်းမှာ ဒေသခံလူထု နဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ အသိ ပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါတယ်။
2015-09-03
ရေဘေးသင့်ဒေသတွေမှာ ရွေးကောက်ပွဲကျင်းပမယ့် ရက် ရွှေ့ဆိုင်းသင့်တယ်ဆိုရင် ရွှေ့ဆိုင်းပေးမှာ ဖြစ် တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက မနေ့က သတင်းမီဒီယာတွေ နဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။
2015-09-03
၂ဝ၁၅ ရွေးကောက်ပွဲ အကြိုကာလ မဲဆွယ်စည်း ရုံးရေးအခြေအနေ၊ မဲပေးခွင့်ရှိသူစာရင်း အပြီးသတ် ထုတ်ပြန်မယ့်အခြေအနေနဲ့ လွှတ်တော်ကိုယ်စား လှယ်လောင်းလျှောက်လွှာတွေ စိစစ်နေမှု အခြေ အနေတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ အဖွဲ့ဝင်တွေက ဒီနေ့ ရန်ကုန် မြို့ ရွှေလီလမ်းက ရွေးကောက်ပွဲအချက်အလက် စင်တာမှာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းခဲ့ပါတယ်။
2015-08-31
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့ နေပြည်တော်ကောင်စီ နယ်မြေက ဥတ္တရသီရိ၊ ဇမ္ဗူသီရိနဲ့ ဒက္ခိဏသီရိ မြို့နယ်တွေက နေရာငါးနေရာမှာ မဲပေးကြဖို့ကို အသိပညာပေးဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
2015-08-30
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် ဝင်ရောက်အရွေးခံမယ့် အငြိမ်းစားဗိုလ်ချုပ် ကြီး ဦးလှဌေးဝင်းဟာ ဇေယျာသီရိမြို့ နယ် ကျောက်ချက်ကျေးရွာမှာ ဒေသခံတွေကို အခမဲ့ ဆေးကုသပေးခဲ့ပါတယ်။
2015-08-28
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ အတွက် အစိုးရက ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ ပါတယ်။
2015-08-28
နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲနေ့မှာ သတင်းမီဒီယာတွေ လိုက်နာရမယ့် အချက်တွေနဲ့ ခံဝန်ချက်လက်မှတ်ရေးထိုးဖို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်က မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2015-08-27
ကုလသမဂ္ဂက ပြဌာန်းထားတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေရဲ့ အခွင့်အရေးဆိုင်ရာစာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးဖို့ကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်က သဘောတူလိုက်ပါတယ်။
2015-08-26
မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖံ့ွဖြိုးရေး ဝန်ကြီးဌာနနဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့က ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာသန်း ၄၀၀ ချေးယူဖို့ကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2015-08-25
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့အကြား သဘော ထားတွေကွဲကုန်ကြပြီဆိုပြီး ရေးသားပြောဆိုနေတာ တွေဟာ မှားယွင်းကြောင်း ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ပြောဆိုလိုက်ပါတယ်။
2015-08-24
ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသတွေက ကျေးရွာ အတော်များများမှာ လုံလောက်တဲ့အကူအညီတွေ မရရှိကြသေးဘူးလို့ ရေဘေးသင့်ဒေသခံတွေ က ပြောကြပါတယ်။
2015-08-23
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ထိပ် ပိုင်းခေါင်းဆောင် အပြောင်းအလဲအပေါ် အမျိုးမျိုးဝေဖန် နေကြတာတွေနဲ့ပတ်သက်ပြီး ပါတီ တာဝန်ရှိသူတွေက နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ရုံးချုပ်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ ပါတယ်။
2015-08-23
သဘာဝဘေးအန္တရာယ်တွေ ရင်ဆိုင်နေရတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ပြည်သူလူထုတွေဟာ သူတို့တွေရဲ့ဘဝ ပြန်လည်ထူထောင်ရေးအတွက် စိုးရိမ်နေတာကြောင့် ရွေးကောက်ပွဲမှာ မဲပေးဖို့ စိတ်ဝင်စားမှု လျော့နည်းနေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။