သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-23
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတဲ့ တချိန်တည်းမှာပဲ တိုက်ပွဲတွေဟာလည်း ဆက်တိုက်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေရပ်တန့်ဖို့ အလံဖြူလှုပ်ရှားမူဆိုတာ ပေါ်လာသလို တိုက်ပွဲတွေ ဆက်တိုက်ဖို့ ကြွေးကြော်သူတွေလည်း ရှိနေပါတယ်။
2016-12-23
၂၀၁၆ မြန်မာနိုင်ငံရဲ့ သတင်းနဲ့စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ အားနည်းနေဆဲဖြစ်ပြီး သတင်းသမားတွေရဲ့ လုံခြုံရေးဟာလည်း အကာအကွယ်မဲ့နေဆဲဖြစ်တယ်လို့ ထောက်ပြကြ ပါတယ်၊ ၂၀၁၆ မြန်မာနိုင်ငံ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေတွေကို RFA အဖွဲ့သူ မသင်းသီရိက တင်ပြထားပါတယ်။
2016-12-22
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းတဲ့ ၂၀၁၇ - ၂၀၁၈ ခုနှစ်အတွက် ဘတ်ဂျက်တင်ပြချက် မှာ ပြည်သူတွေအတွက်မဟုတ်ဘဲ အစိုးရဝန်ထမ်း အကြီးအကဲတွေရဲ့ အသုံးအဆောင်တွေ ဖြည့် တင်းရေးအတွက် အသုံးပြုမှုများနေတယ်လို့ ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်တချို့ က ဝေဖန်ကြပါတယ်။
2016-12-21
ဥပဒေဆိုတာ ပြစ်မှုကျူးလွန်သူကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးပြီး အပြစ်မဲ့သူတွေကို အကာအကွယ်ပေးဖို့ ပြဌာန်းထားတာဖြစ်ပါတယ်။
2016-12-20
မြန်မာနိုင်ငံရဲ့ ပညာရေးကို မြှင့်တင်ဖို့ ကြိုးစားကြရာမှာ ခေတ်သစ်ပညာရေးစနစ်တွေဆီ ချက်ခြင်းမပြောင်းနိုင်ခင်အချိန်အတွင်း ခေတ်ဟောင်း က ကောင်းခဲ့တဲ့စနစ်တွေကို ပြန်လည်ကျင့်သုံးရင် အကျိုးရှိနိုင်မလားဆိုတဲ့ မေးခွန်းမေးစရာရှိလာပါတယ်။
2016-12-20
လေထုညစ်ညမ်းမှု air pollution ရော အနံ့ဆိုး bad smell ပါ လူ့ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အကြောင်း၊ လေထု ထဲပါတဲ့ အမှုန်အမွှားပမာဏကို တိုင်းတာပြီး လေထု အရည်အသွေး သတ်မှတ်တဲ့အကြောင်း၊ အိမ်တွင်းနဲ့ အိမ်ပြင် ပ လေထုညစ်ညမ်းမှုရှိတဲ့အကြောင်း၊ စည်းစနစ်မဲ့ အမှိုက်ပစ်နေတဲ့အကြောင်း စတာတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2016-12-18
ရခိုင်ပြည်နယ်ပြဿနာနဲ့ ပတ်သက်ပြီး ဝါရှင်တန်ဒီစီ တဝိုက်မှာ ပေါ်ပေါက်နေတဲ့ ဝေဖန်မှုတွေကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2016-12-18
ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံရှေ့နေများကွန်ရက် ဖျက်သိမ်းကြောင်း အစိုးရထုတ် မြန်မာ့အလင်း သတင်းစာမှာပါတဲ့ ကြေညာချက်ဟာ မမှန်ကန်ကြောင်း ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရှေ့နေများကွန်ရက် ညီလာခံမှာ တာဝန်ရှိသူတွေက ပြောပါတယ်။
2016-12-16
ပြီးခဲ့တဲ့ရက်က Eleven မီဒီယာရဲ့ မုံရွာမြို့အခြေစိုက် သတင်းထောက်တစ်ဦး ရက်ရက်စက်စက် အသတ် ခံခဲ့ရတာနဲ့ပတ်သက်ပြီး သတင်းသမားတွေရဲ့ လုံခြုံရေး စိုးရိမ်ပူပန်မှုတွေ ရှိလာနေတဲ့အကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင် ပါတယ်။
2016-12-14
ကမ္ဘာ့လေထုအညစ်ညမ်းဆုံးနိုင်ငံ စာရင်းဝင်သွား တဲ့ မြန်မာနိုင်ငံမှာ မော်တော်ကားမီးခိုးငွေ့ကို နှစ်စဉ် စစ်ဆေးတဲ့စနစ် မရှိတဲ့အကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် လေထုထဲကို ဖန်လုံအိမ်ဓာတ်ငွေ့ လိုတာထက် ပိုရောက်ရှိနေလို့ ကမ္ဘာကြီးပူနွေးတာရဲ့ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံမှာ ရေပြဿနာကြုံရတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2016-12-14
USCIRF ခေါ် အမေရိကန်ပြည်ထောင်စု နိုင်ငံ တကာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ ကော်မ ရှင်က မြန်မာပြည်မှာ ဘာသာရေးလွတ်လပ်ခွင့်တွေ ဆုံးရှုံးနေပြီး လူနည်းစုတွေ ဖိနှိပ်ခံနေ ရကြောင်း ဖေါ်ပြထားတဲ့ အစီရင်ခံစာ ၂ စောင်ကို ဝါရှင်တန် ဒီစီမြို့တော်မှာ မနေ့က ညနေက ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအခမ်းအနားကို သွားရောက်သတင်းယူခဲ့တဲ့ ဦးခင်မောင်စိုး က ခုလိုတင်ပြထားပါတယ်။
2016-12-13
မြန်မာနိုင်ငံ ပညာရေးမှာ စာမေးပွဲကိုအခြေခံတဲ့ စနစ်၊ တက္ကသိုလ်ဝင်တန်းရမှတ်ပေါ်မူတည်ပြီး ဘာသာရပ်ရွေးချယ်ရတဲ့စနစ်တွေကြောင့် ဖြစ်လာတဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပြုပြင်ပြောင်းလဲသင့်တာတွေကို RFA အဖွဲ့သူ မခက်မာ တင်ပြထားတာ နားဆင်နိုင် ပါတယ်။
2016-12-13
အမေရိကန်အခြေစိုက် House Democracy Partnership (HDP) က ညီလာခံတက်ဖို့ ဖိတ်ကြားခံထားရတဲ့ ရခိုင်အမျိုးသားပါတီ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောနေရာမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က NLD ကိုယ်စားလှယ်တဦးနဲ့ အစားထိုးခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ် လာခဲ့တဲ့အပေါ် RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်ရမှာပါ။
2016-12-13
ဝါရှင်တန်ဒီစီ မြို့တော်ရှိ ဂျော့ဝါရှင်တန်တက္ကသိုလ်၊ အယ်လီယော့ နိုင်ငံတကာရေးရာကျောင်းမှာ မြန်မာနိုင်ငံသစ် ဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့နေ့လည်ပိုင်းကကျင်းပတဲ့ အခမ်းအနားမှာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း က ရခိုင်ပြည်နယ် မောင်တောဒေသကို နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ လွတ်လပ်စွာသွားလာခွင့်ပြုမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
2016-12-12
သတ္ထုတူးဖော်ရေးလုပ်ငန်းတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုတွေကို အနည်းဆုံးဖြစ်စေဖို့ ဆောင်ရွက်ရာမှာ ပထမဆုံးထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိဖို့ လိုအပ်သလို စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမူရှိ၊ မရှိ စနစ်တကျ စစ်ဆေးဖို့၊ စောင့်ကြည့်ဖို့၊ လိုအပ်နေတာဖြစ်ပါတယ်။