သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-24
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင် သတ်မှတ်ဖို့ ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ထားတဲ့ သဝဏ်လွှာကို ဒီကနေ့ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ပါတယ်။
2017-10-24
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ မြေယာအရေးနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ တောင်သူတွေ လွတ်မြောက်ရေးအတွက် တောင်သူ ၃၀၀ ကျော်က ဒီကနေ့ ပြင်ဦးလွင်မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2017-10-23
သိမ်းထားတဲ့မြေတွေထဲက အသုံးမပြုတဲ့မြေတွေကို တပ်ကပြန်စွန့်လွှတ်လိုက်ပေမဲ့ တောင်သူတွေ လက် ပြန်မရောက်ဘဲ လုပ်ငန်းရှင်ကြီးတွေ လက် ရောက်နေတဲ့အတွက် တောင်သူတွေ မြေမဲ့ ယာမဲ့ ဘဝလည်းရောက်၊ တရားတဘောင်တွေ လည်း ရင်ဆိုင်ရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-10-21
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ညက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့သားဖြစ်သူကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတဲ့ဖြစ်ရပ်ဟာ နိုင်ငံတော်အဆင့် အကြီးအကဲတွေနေထိုင်ရာ၊ ဝန်ကြီးဌာနတွေအခြေစိုက်ရာ၊ လွှတ်တော်တွေ တည်ရှိရာ လုံခြုံရေးတင်းကြပ်တဲ့ နေပြည်တော်မှာ ပထမဆုံးအကြိမ်ဖြစ်ခဲ့တာပါ။
2017-10-20
ရခိုင်ပြည်နယ်ထဲက လတ်တလောအရေးအခင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ခွာသူမွတ်စလင်တွေကို ကုလသမဂ္ဂနဲ့ ကမ္ဘာ့မီဒီယာတွေက ရိုဟင်ဂျာတွေအဖြစ် ခေါ်ဝေါ်သုံးစွဲကြပါတယ်။
2017-10-20
ရခိုင်ပြည်နယ်အတွင်းက အသက် ၅ နှစ်အောက် မွတ်စလင်ကလေးငယ် ၈ သောင်းကျော်ဟာ အစာအဟာရအလွန်အမင်းလိုအပ်နေတဲ့အတွက် အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ အစီရင်ခံစာကို မြန်မာအစိုးရနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တို့ ပူးတွဲရေးသားတဲ့ အစီရင်ခံစာအသစ်နဲ့ အစားထိုးလဲလှယ် ထုတ်ဝေလိုက်ပါတယ်။
2017-10-20
နေပြည်တော်က ပြည်သူလွှတ်တော်မှာ ညောင်လေးပင်မြို့က ဆရာတော်တပါးရဲ့ ဓမ္မာစရိယ အောင်လက်မှတ်ပျောက်သွားတာကို မိတ္တူပြန်လည်ရရှိရေး ဆောင်ရွက်ပေးဖို့အတွက် ကြယ်ပွင့်ပြမေးခွန်းမေးခဲ့တဲ့အပေါ် ဝေဖန်နေကြပါတယ်။
2017-10-19
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့ ရာထူးတိုးမူဝါဒတွေနဲ့ ပတ်သက်ပြီး ဆရာ/ဆရာမတွေအကြား အငြင်းပွားမှုတွေ ဝေဖန်မှုတွေ တိုးလာနေပါတယ်။
2017-10-18
နေပြည်တော်မှာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွေကို ဒီကနေ့ မှာ ပြန်လည်စတင်နေပြီဖြစ်ပြီး ဒီလွှတ်တော်တွေ အတွင်း ရခိုင်ပြည်နယ်အရေး ဆွေးနွေးလာဖို့တွေ ရှိလာနိုင်ပါသလား။
2017-10-18
ရခိုင်ပြည်နယ်ထဲက ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့အကြမ်းဖက်သမားတွေကို ရှာဖွေရှင်းလင်းချိန်တွေအတွင်း အလွန်အကျွံအင်အားသုံးစစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တဲ့အတွက် ဥရောပသမဂ္ဂက မြန်မာထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေကို အီးယူ ဥရောပနိုင်ငံတွေဆီဖိတ်ခေါ်တာတွေကို ရပ်ဆိုင်းလိုက်တယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်
2017-10-17
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ထောက်ခံတာ တွေ ပိုပြီးများလာနေတဲ့ အခြေအနေနဲ့ ဒီလူထု ထောက်ခံမှုတွေက ဒေါ်အောင်ဆန်းစုကြည် လက်ရှိ ရင်ဆိုင်နေရတဲ့ နိုင်ငံတကာရဲ့ ဖိအားတွေကို ကျော် လွန်နိုင်ပါ့မလားဆိုတဲ့အပေါ် နိုင်ငံရေးလှုပ်ရှား သူတွေရဲ့ အမြင်နဲ့သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိက စုစည်းတင်ပြထားပါတယ်။
2017-10-17
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြေအနေတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်က Mr Kofi Annan ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နယူးယောက်မြို့မှာ အလွတ်သဘောတွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်
2017-10-16
တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး အမှုတွေနဲ့ ယခင်အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းကို နေပြည်တော်မှာ ဖမ်းဆီးထားပါတယ်။
2017-10-16
ကလေးစစ်သာဟောင်း ကိုအောင်ကိုထွေးအမှုကို ဒီကနေ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တရားရုံးမှာ ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2017-10-16
အရင်အစိုးရလက်ထက် ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းအပါအဝင် ၃ ဦးကို လက်နက်ဥပဒေ၊ မူးယစ်ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ပြောပါတယ်။