သေဒဏ်စီရင်ပြီးနောက် မြို့ကြီးတွေမှာ လုံခြုံရေးအထူးတင်းကျပ်

ထင်ရှားတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေဖြစ်တဲ့ ဦးကျော်မင်းယု (ခ) ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်စီရင်ပြီးတဲ့နောက် ဇူလိုင်လ ၂၆ ရက်ကစလို့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ စစ်ကားတွေ၊ အရပ်ဝတ် ဝတ်ထားတဲ့ လုံခြုံရေးအဖွဲ့တွေကို နေရာတိုင်းမှာတွေ့ရပြီး လမ်းသွားလမ်းလာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်

ထင်ရှားတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေဖြစ်တဲ့ ဦးကျော်မင်းယု (ခ) ဦးဂျင်မီနဲ့ ဦးဖြိုး ဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်စီရင်ပြီးတဲ့နောက် ဇူလိုင်လ ၂၆ ရက်ကစလို့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ စစ်ကားတွေ၊ အရပ်ဝတ် ဝတ်ထားတဲ့ လုံခြုံရေးအဖွဲ့ တွေကို နေရာတိုင်းမှာတွေ့ရပြီး လမ်းသွားလမ်းလာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေး နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်တွေ့ကွပ်မျက်ခဲ့တဲ့ အင်းစိန်ထောင်ရှိရာ ရန်ကုန်မြို့မှာ ဇူလိုင် ၂၅ ရက်ညကစလို့ အင်းစိန်ထောင်ဘူးဝ အပါအဝင် ရဲစခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတချို့ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရပါတယ်။

"အပြင်သွားရင် ဒီလုံခြုံရေးကားတွေ လှည့်နေတာလည်း တွေ့ရတယ်"

သေဒဏ်မစီရင်ခင် တစ်ရက်အလို ဇူလိုင် ၂၂ ရက်နေ့ကတည်းက ဗိုလ်တထောင်မြို့နယ်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအမိန့်နဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ကြိုတင်ထုတ်ပြန် ခဲ့ပါတယ်။

သေဒဏ်စီရင်ပြီး နောက်ရက်တွေမှာတော့ ရန်ကုန်တိုင်း ၄၅ မြို့နယ်အနက် ကိုကိုးကျွန်းက လွဲပြီး ကျန်မြို့နယ်အားလုံးမှာ စစ်ကောင်စီက လူငါးဦးထက် ပိုမစုရ၊ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်တွေကို အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်ဟာ အခုရက်ပိုင်းမှာ ပိုတိတ်ဆိတ်ခြောက်ကပ်သွားပြီး လုံခြုံရေးအထူးတင်းကျပ် ထားတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“မလိုအပ်ဘဲနဲ့တော့ အပြင်မထွက်ကြတော့ဘူးပေါ့နော်။ အလုပ်သွား၊ အလုပ်ပြန် နေ့တိုင်း စားဝတ်နေရေးအတွက် ထွက်ရတဲ့သူတွေတော့ ရှိတာပေါ့။ အကုန်လုံးက တိတ် ဆိတ်သွားတယ်။ လုံးဝကြီးကို ခြောက်ကပ်သွားသလိုမျိုး ခံစားရတယ်။ ပြီးတဲ့အခါကျ တော့ လုံခြုံရေးက တော်တော်လေးကို တင်းကျပ်တာကို တွေ့ရတယ်ရှင့်။ အပြင်သွား ရင် ဒီလုံခြုံရေးကားတွေ လှည့်နေတာလည်း တွေ့ရတယ်။ အဓိကကတော့ မြန်မာ့အသံ ဝင်းပေါ့။ မြန်မာ့အသံဝင်းထဲမှာဆိုရင် အရင်က မရှိဖူးတဲ့ ပြည်လမ်းမပေါ်မှာရောရှိတယ်။ အဝိုင်းဟိုဘက်ကသွားတဲ့ ဟံသာဝတီလမ်းဘက်မှာလည်း အဲဒီဘက်မှာလည်း လုံခြုံရေး ကားတွေ ကျမတော့ တွေ့မိတယ်ရှင့်”

အခုရက်ပိုင်း ရန်ကုန်မှာ လက်နက်အပြည့်တပ်ဆင်ထားတဲ့ စစ်သားတွေ အုပ်စုဖွဲ့ကင်း လှည့်နေတာကို မြင်တွေ့ရတာဟာ စစ်မြေပြင်တစ်ခုကို ရောက်နေသလို ခံစားရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်တွေ အားကောင်းခဲ့တဲ့ မန္တလေးမှာလည်း အခုရက် ပိုင်း လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးဖမ်းဆီးမှုတွေ ပိုများလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ကိုဂျင်မီတို့၊ ကိုဖြိုးဇေယျာသော်တို့ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ မန္တလေးမှာက လုံခြုံရေး အခြေအနေက သိသိသာသာကို တင်းကျပ်လာတာတွေ့ရတယ်။ ခါတိုင်းဆိုလို့ရှိရင် မြို့မှာ ကားတစ်စီး၊ နှစ်စီးလောက်ပဲ ပတ်နေတာ ရှိတယ်ပေါ့နော်။ ဒီရက်ပိုင်းမှာဆိုရင် အခုနှစ်ရက်လောက် ရှိသွားပြီ စစ်ကားတွေက သုံး၊ လေးစီး တန်းတွေနဲ့ တစ်မြို့လုံးနီးနီး ပတ်နေတာ။ နောက်တစ်ခုက ရဲတွေဆိုရင် ယူနီဖောင်းလည်း မဝတ်ဘူး။ ရဲကားနဲ့လည်း မဟုတ်ဘူး။ အရပ်ဝတ်နဲ့ အိမ်စီးကားတွေနဲ့ လှည့်ပတ်နေတာတွေ ရှိတယ်။ နောက်တစ် ချက် ထူးခြားတာက ဒီရက်ပိုင်းမှာ ဧည့်စာရင်း စစ်တာတွေ တော်တော်ဆိုးတယ်”

မန္တလေးမှာ ရပ်ကွက်တိုင်းနီးပါးကို ဧည့်စာရင်းဝင်စစ်နေပြီး ဇူလိုင်လ ၂၅ ရက် တစ်ရက် တည်းမှာ အနည်းဆုံး လူငယ် ၂၀ ခန့် အဖမ်းခံခဲ့ရတယ်လို့ သပိတ်အင်အားစုတွေနဲ့ မန္တလေး မြို့ခံတွေက ပြောပါတယ်။

သေဒဏ်စီရင်ပြီးကြောင်း ထုတ်ပြောလာတဲ့ ဇူလိုင် ၂၅ ရက်ညပိုင်းက ရန်ကုန် အင်းစိန် ထောင်၊ မန္တလေး အိုးဘိုထောင်နဲ့ ပဲခူးတိုင်း ပြည်အကျဉ်းထောင်တို့မှာ နိုင်ငံရေးအကျဉ်း သားတွေ ဦးဆောင်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေဖြစ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တွေက ပြောပါတယ်။

ရန်ကုန်မြို့က လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ သပိတ်အင်အားစုတွေက လည်း ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ အင်းစိန်ထောင်ထဲမှာ တိတ်တဆိတ် ကြိုးပေး ကွပ်မျက်ခံရတဲ့အတွက် စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်သွားမယ့်အကြောင်း ကြေညာ ချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

"လက်ဝေခံတွေရော၊ သူတို့ရဲ့ အဖွဲ့အစည်းကိုပါ အကြောက်တရား ပြင်းပြင်းထန်ထန် ပြန်ပေးဖို့ရှိပါတယ်"

ဦးဂျင်မီတို့ကို ကြိုးပေးသတ်ခဲ့တဲ့ဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေကို လက်တုံ့ပြန်ဖို့ စီစဉ်နေတယ် လို့ Yangon UG Association ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းက ပြောပါတယ်။

“ဒီဖြစ်စဉ်မှာ ပါဝင်သွားတဲ့ အားပေးအားမြှောက်သူတွေရဲ့စာရင်း၊ သူတို့ရဲ့ အင်ဖော်မေး ရှင်းကိုလည်း ကျနော်တို့အနေနဲ့ လိုက်လံစုံစမ်းနေပါပြီဗျ။ အခုဆိုရင်လည်း တချို့တစ် ဝက် သတင်းအချက်အလက်တွေလည်း ရပါပြီ။ အဲဒါကိုမှ စနစ်တကျနဲ့ သူတို့နဲ့ ပတ်သက်နေတဲ့ လက်ဝေခံတွေရော၊ သူတို့ရဲ့ အဖွဲ့အစည်းကိုပါ အကြောက်တရား ပြင်းပြင်းထန်ထန် ပြန်ပေးဖို့ ရှိပါတယ်။ ဘယ်လို လက်တုံ့ပြန်သွားမလဲဆိုတော့ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပါပဲဗျ။ ဒီဘက်က မိသားစုတွေ ပူဆွေးသောက ရောက်ရတာထက်နဲ့ ဒီထက်ပိုတဲ့ အနေအထားမျိုးနဲ့ကို ကျနော်တို့ လက်တုံ့ပြန်မယ်ဗျ”

အရင်ကတော့ စစ်ကောင်စီနဲ့ အာဏာရှင်ဗိုလ်ချုပ်တစ်စုကိုပဲ ပစ်မှတ်ထားတိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အခုတော့ လက်အောက်ခံလူတွေကိုပါ ပစ်မှတ်ထားရမယ့်ပုံစံမျိုး ဖြစ်လာပြီလို့ ဆရာကျောင်းက ဆိုပါတယ်။

ဒေါင်းစစ်သည်အဖွဲ့ကတော့ ဇူလိုင်လ ၂၇ ရက်ညက ဇေယျာသော်စစ်ဆင်ရေးအမည်နဲ့ သာကေတမြို့နယ်က ရဲစခန်း နှစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဇူလိုင် ၂၈ ရက် မနေ့က ထုတ်ပြန်ကြေညာပါတယ်။

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက PDF တပ်ဖွဲ့တွေကလည်း ဇေယျာသော်စစ်ဆင်ရေးလို့ အမည်ပေးပြီး ဇူလိုင် ၂၇ ရက်နေ့က စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။

ရန်ကုန်မှာတော့ အခုချိန်ထိ နေ့ရောညပါ လုံခြုံရေးတင်းကျပ်ထားပြီး ဇူလိုင်လ ၂၄ ရက်နေ့ က ရန်ကုန်မြို့ လူစည်ကားရာနေရာတွေမှာ ကြိုးပေးကွပ်မျက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အနီရောင်နဲ့ အနက်ရောင် ပရိုဖိုင်းတွေတင်ထားတာ ရှိ၊ မရှိ လူငယ်တွေကို အဓိကထားပြီး စစ်ဆေးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

လုံခြုံရေးတင်းကျပ်နေသည့် ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင့်ရေး ရန်ကုန်အင်အားစုမှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် (Photo: Assistance Association for Myanmar-based Independent Journalists)

ရန်ကုန်မြို့ပြ သပိတ်အင်အားစုတစ်ခုဖြစ်တဲ့ ပုဇွန်တောင်၊ ဗိုလ်တထောင် လူငယ်များ သပိတ်ကော်မတီက မဂျူဝယ်လ်ကတော့ ဦးဂျင်မီတို့ဖြစ်စဉ် သိသိချင်း ဒီလုပ်ရပ်ကို လက်မခံနိုင်ကြောင်း လမ်းပေါ်ထွက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“ဘန်နာကတော့ ငါတို့ ဘယ်တော့မှ မကြောက်ဘူးဆိုတဲ့ စာသားနဲ့ ညီမတို့ သပိတ် ထွက်ခဲ့ပါတယ်ရှင့်။ ဘာတွေ ကြွေးကြော်ခဲ့လဲဆိုတော့ အရင်ပုံစံ အတိုင်းပဲပေါ့နော်။ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး တို့အရေး၊ စစ်အာဏာရှင်စနစ် ကျဆုံးရေး တို့အရေး၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ ကြောက်ခတ်ကို မှောက်ပစ်၊ ငါတို့ ဘယ်တော့မှ မကြောက်ဘူး၊ ကယ်တင်ရှင် ဘယ်သောအခါမှ မရှိ၊ သပိတ်သပိတ် မှောက်မှောက်၊ အရေးတော်ပုံ အောင်ရမယ်ဆိုတာတွေ ညီမတို့ ထည့်ပြီးတော့ ကြွေး ကြော်ခဲ့ပါတယ်ရှင့်”

ကြိုးပေးကွပ်မျက်မှုကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာလည်း မနေ့က ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်ကျဆုံးစေရေးကို လူငယ်တွေက ကြွေးကြော်ခဲ့ကြပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ နဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းတစ်ခုလုံး ကလည်း သေဒဏ်စီရင်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဇူလိုင် ၂၆ ရက်နေ့က ချက်ချင်းစာထုတ် ပြီး ဒီရှုတ်ချမှုတွေကို ပြန်လည်ကန့်ကွက်ထားပါတယ်။

ဒီလိုအခြေအနေအတွင်းမှာပဲ ဇူလိုင် ၂၇ ရက်နေ့မှာ အမည်မသိ လူအုပ်စုတွေက သေဒဏ် စီရင်ခံခဲ့ရတဲ့ ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီတို့ရဲ့ ရန်ကုန်မှာရှိတဲ့ မိသားစုဝင်တွေရဲ့ နေအိမ် တွေကို ခဲတွေ၊ လေးခွတွေနဲ့ သွားရောက်ပစ်ပေါက်ပြီး အော်ဟစ်တာတွေ လုပ်ခဲ့ပါတယ်။

ဒီနေ့ ဇူလိုင် ၂၉ ရက် မနက်ပိုင်းမှာလည်း ရန်ကုန်မြို့၊ ဆူးလေဘုရားအနီး မြိုတော်ခန်းမ ရှေ့မှာ စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုအပေါ် ထောက်ခံပွဲတစ်ခုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်းနဲ့ စစ်တပ်အရာရှိဟောင်း ဦးလှဆွေ (ခ) ဘူးလက်လှဆွေ ကိုယ်တိုင် ဦးဆောင်ပြုလုပ်ခဲ့ပြီး အမျိုးသားရေးလှုပ်ရှားသူတွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုး ရေး ပါတီဝင်တွေ အပါအဝင် လူတစ်ထောင်လောက် ပါဝင်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org