ဆလုံတိုင်းရင်းသားအရေး ဝန်ကြီးတွေကွင်းဆင်းစစ်ဆေး
တနင်္သာရီတိုင်းအတွင်း ဆလုံတိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်နေတဲ့ နေရာတွေကို ပုလဲမွေးမြူရေးကုမ္ပဏီက လုပ်ငန်းတိုးချဲ့လာတာကြောင့် အသိမ်းခံရတော့မလိုဖြစ်နေတာကြောင့် ဆလုံတွေ ကန့်ကွက်နေပါတယ်။
-
ဦးတင်အောင်ခိုင်
2019-11-13 -
-
-
တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစု၊ လငန်းရွာက ဆလုံတိုင်းရင်းသူတစ်ဦး။
Your browser doesn’t support HTML5 audio
တနင်္သာရီတိုင်းအတွင်း ဆလုံတိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်နေတဲ့ နေရာတွေကို ပုလဲမွေးမြူရေးကုမ္ပဏီက လုပ်ငန်းတိုးချဲ့လာတာကြောင့် အသိမ်းခံရတော့မလိုဖြစ်နေတာကြောင့် ဆလုံတွေ ကန့်ကွက်နေပါတယ်။ ဒီပြဿနာကို သိရှိဖို့ တိုင်းဝန်ကြီးနှစ်ဦး ဆလုံတိုင်းရင်းသားတွေနဲ့ ဒီကနေ့လာတွေ့ပါတယ်။
စုစုပေါင်းလူဦးရေတထောင်လောက်သာ ကျန်တော့တဲ့ ဆလုံလူမျိုးတွေဟာ မြန်မာနယ်နိမိတ်အတွင်း လုပ်ကိုင်စားသောက်ရတဲ့ နယ်မြေရှားပါးလာတာကြောင့် ထွက်ခွာသွားသူတွေအများအပြားရှိနေပါတယ်။