လွိုင်ကော်ဆန္ဒပြပွဲ နှိမ်နင်းမှု နိုင်ငံတကာစံချိန်နဲ့မညီဟု လူ့အခွင့်အရေးအဖွဲ့တွေ ထောက်ပြ
လွိုင်ကော်မြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်လူစုခွဲခဲ့တာဟာ၊ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ်က RFA ကို ပြောခဲ့ပါတယ်။
-
2019-02-17 -
-
-
လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ် ပြန်လည်ရုပ်သိမ်းရေးအတွက် ဆန္ဒပြတောင်းဆိုသူများကို ၂ဝ၁၉ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF
Your browser doesn’t support HTML5 audio
လွိုင်ကော်မြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်လူစုခွဲခဲ့တာဟာ၊ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ်က RFA ကို ပြောခဲ့ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ အဲဒီလိုဖြေရှင်းတာဟာ အစိုးရက တရားဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ခဲ့တာမဟုတ်သလို၊ ကုလသမဂ္ဂရဲ့ အခြေခံမူတွေနဲ့လည်း မကိုက်ညီဘူးလို့ ထောက်ပြကြ ပါတယ်။
RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။