ရေဘေးနောက်ဆက်တွဲ စိတ်ကျန်းမာရေးနဲ့ လူမှုရေးပြဿနာများ
2018.08.14
ရေဘေးလို သဘာဝဘေးအန္တရာယ်တွေ ကြုံရပြီးနောက်မှာ ဘေးဒဏ်ခံရသူတွေဟာ ခန္ဓာကိုယ် ကျန်းမာရေးတင်မက စိတ်ကျန်းမာရေး ပြဿနာနဲ့ လူမှုဘဝ ထိခိုက်မှုတွေအထိပါ ဖြစ်လာတတ်ပါတယ်။
မြန်မာနိုင်ငံမှာ ရေဘေးကို နှစ်စဉ်လိုကြုံနေရတာမို့ ရေကြီးစဉ်နဲ့ ရေကြီးပြီးနောက်ပိုင်း ဖြစ်တတ်တာတွေနဲ့ ကြိုတင်ကာကွယ်ဖို့ နည်းလမ်းတွေကိုပါ ရှာကြဖို့ ဆရာဝန်ကြီးတွေနဲ့ ရေဘေးသင့်ဖူးသူတွေရဲ့ ဆွေးနွေးချက်တွေကို မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။