မလေးရှားနဲ့ အိန္ဒိယရောက် ချင်းတိုင်းရင်းသားတွေအရေး
မလေးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်တွေအဖြစ် နေထိုင်နေကြတဲ့ ချင်းတိုင်းရင်းသား ငါးသောင်းကျော် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆုံးဖြတ်လိုက်တဲ့အပေါ် ချင်းနိုင်ငံရေးပါတီ ၆ ခုက ကန့်ကွက်လိုက်ပါတယ်။
-
2018-07-25 -
-
-
Your browser doesn’t support HTML5 audio
မလေးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်တွေအဖြစ် နေထိုင်နေကြတဲ့ ချင်းတိုင်းရင်းသား ငါးသောင်းကျော်ကို လာမယ့်နှစ် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆုံးဖြတ်လိုက်တဲ့အပေါ် ချင်းနိုင်ငံရေးပါတီ ၆ ခုက ကန့်ကွက်လိုက်ပါတယ်။
ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ CNDP ရဲ့ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။