၁၈ လကျော်အတွင်း ထောင်တွင်းဆန္ဒပြမှုပေါင်း ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့
အာဏာသိမ်း ၁၈ လကျော်အတွင်း ရန်ကုန် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်၊ ဘားအံထောင်၊ သာယာဝတီထောင်၊ ကလေးထောင်၊ ပုသိမ်ထောင်၊ ပဲခူးထောင်နဲ့ ပြည်ထောင်တို့မှာ အာဏာရှင်ဆန့်ကျင်ရေး ထောင်တွင်းဆန္ဒပြမှုပေါင်း ၁၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။
- 2022-08-26
-
-
-
အာဏာသိမ်း ၁၈ လကျော်အတွင်း ရန်ကုန် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်၊ ဘား အံထောင်၊ သာယာဝတီထောင်၊ ကလေးထောင်၊ ပုသိမ်ထောင်၊ ပဲခူးထောင်နဲ့ ပြည်ထောင် တို့မှာ အာဏာရှင်ဆန့်ကျင်ရေး ထောင်တွင်းဆန္ဒပြမှုပေါင်း ၁၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ ပါတယ်။
ဒီအချက်အလက်တွေကို ပြည်တွင်းသတင်းမီဒီယာတွေနဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင် တွေရဲ့ ပြောပြချက်တွေကို အခြေခံပြီး RFA က သီးသန့်ပြုစုထားတာပါ။
အခုနှစ် မတ်လထဲမှာဖြစ်ခဲ့တဲ့ ကလေးမြို့ အကျဉ်းထောင် အဓိကရုဏ်းမှာဆိုရင် ထောင် အာဏာပိုင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF) အဖွဲ့ဝင် တစ်ဦး အပါအဝင် စုစုပေါင်း အကျဉ်းသား ခုနစ်ဦး သေဆုံးခဲ့ပါတယ်။
"တချို့ဆို ထောင်ထဲမှာတင် အရိုက်ခံရတယ်။ တိုက်ပိတ်ခံရတယ်။ တော်တော်ရုန်းကန်ရတယ်”
ဒါဟာ သမိုင်းမှာ ဘယ်တုန်းကနဲ့မှ မတူတဲ့ ထူးခြားတဲ့အခြေအနေဖြစ်ပြီး နိုင်ငံရေးအကျဉ်း သားတွေဟာ ထောင်တွင်းအာဏာရှင်ဆန့်ကျင်ရေးကို အသက်နဲ့ရင်းပြီး လုပ်ကြရတာလို့ မကြာသေးခင်ကမှ အင်းစိန်ထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက RFA ကို ပြောပါတယ်။
“အပြင်မှာ Issues တစ်ခုခု ဖြစ်လိုက်တိုင်း အတွင်းထဲမှာလည်း ရိုက်ခတ်တယ်။ ထောင် ထဲကလူတွေက ဘာလုပ်ကြလဲဆိုတော့ သွေးသစ္စာသီချင်းတွေ ဆိုကြမယ်။ လိုအပ်လာ ရင် အကျဉ်းထောင် ဝန်ထမ်းတွေပေါ့နော်၊ ထောင်အာဏာပိုင်တွေကို တောင်းဆိုချက် တွေ တောင်းကြမယ်ပေါ့။ ဒါတွေလုပ်ရတာ သူတို့က အသက်နဲ့ရင်းပြီးတော့ လုပ်ကြရ တယ်။ အခုလည်း လုပ်နေကြတယ်။ ရင်းလည်း ရင်းနေကြရတယ်။ တချို့ဆို ထောင်ထဲ မှာတင် အရိုက်ခံရတယ်။ တိုက်ပိတ်ခံရတယ်။ တော်တော်ရုန်းကန်ရတယ်”
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ လေးဦးကို အင်းစိန်ထောင်ထဲမှာ ကြိုးပေးသတ်ဖြတ်ပြီးတဲ့ နောက်ပိုင်းမှာတော့ အင်းစိန်ထောင်ထဲက သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသားတွေဟာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ စိတ်ဒဏ်ရာမျိုးကို ကြုံတွေ့ခံစားနေရတယ်လို့ သူက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာ ကျောင်းသားလူငယ်တွေဖြစ်တာကြောင့် ထောင်ထဲမှာ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေကို ခေါင်းငုံ့မခံဘဲ အစာငတ်ခံ ဆန္ဒပြတဲ့အထိ အမြင့်ဆုံး ဆန့်ကျင်မှုမျိုးနဲ့ ကန့်ကွက်နေကြ တယ်လို့လည်း သူက ဆိုပါတယ်။
မန္တလေး အိုးဘိုထောင်ထဲမှာလည်း အခုလ ၁ ရက်နေ့ကစပြီး အစာငတ်ခံဆန္ဒပြနေတဲ့ ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင် အပါအဝင် လူငယ် ၁၉ ဦးကို ထောင်အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီး ဆေးကုသခွင့်မပေးဘဲ တိုက်ပိတ်ထားတာကြောင့် ဆန္ဒပြမှုကို ယာယီရပ်ဆိုင်းလိုက်ရ တယ်လို့ အိုးဘိုထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်လိုတဲ့အခါ ရာဇဝတ် အကျဉ်းသားတွေကို အသုံးချပြီး နှိပ်စက်ညှဉ်းပန်းလေ့ရှိတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးအခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် (ဗကသ) အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“မန္တလေးထောင်မှာ အစာငတ်ခံဆန္ဒပြတဲ့နေရာမှာဆိုရင် ထောင်အာဏာပိုင်တွေက ရာဇဝတ်အကျဉ်းသားတွေကို သုံးပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်ခိုင်းတဲ့ အခါမှာ ဒါက အထင်ရှားဆုံး တွေ့ရတယ်ပေါ့လေ။ လေးခွနဲ့ အပစ်ခံရတာတွေ ကြုံရ တယ်။ နောက်ပြီးတော့ ဝိုင်းပြီးတော့ ကန်ကျောက်ရိုက်တာတွေ အမျိုးမျိုး ကြုံရတယ် ပေါ့။ နိုင်ငံရေးအကျဉ်းသူတွေဘက်မှာလည်း ခြိမ်းခြောက်တာတွေ ကြုံရတယ်။ အကျဉ်း သူတွေကို လေးခွနဲ့ ပစ်လိုက်ရမလားဆိုပြီးတော့ လုပ်တယ်။ CCTV တွေပေါ့။ အမျိုးသမီး ဆောင်တွေဘက်မှာ CCTV တပ်တာတွေကအစ အဲလိုကိစ္စတွေပါ အမျိုးမျိုး ကြားနေရ တယ်။ ကြုံနေရတယ်ပေါ့”
နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်ဝင်စာပစ္စည်းတွေကို ရာဇဝတ်အကျဉ်းသားတွေက ဖြတ်ယူတာတွေကစပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်တဲ့အခါမှာလည်း အကျဉ်းဦးစီး ဝန်ထမ်းတွေက ရာဇဝတ်အကျဉ်းသားတွေကို အသုံးချပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခိုင်းခဲ့တယ်လို့ ကိုယ်တွေ့ကြုံခဲ့တဲ့ ဗကသကျောင်းသားတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစုဝင်တစ်ဦးကတော့ နိုင်ကျဉ်းတွေကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ဖို့ အထက်အာဏာပိုင် အဆင့်ဆင့်ကနေ တရား ဝင် ညွှန်ကြားထားတာလို့ RFA ကို ပြောပါတယ်။
“PDF တွေကို အမြစ်ပါ ဖြုတ်ပစ်လိုက်မယ်လို့ အဲဒီလို ပြောတယ်။ ပြီးတဲ့အခါကျတော့ ဒီကောင်တွေ ဘယ်လောက်ဇရှိလဲ။ ဘယ်လောက် ခံနိုင်လဲ။ စမ်းကြည့်မယ်။ မင်းတို့နဲ့ ငါတို့နဲ့ ပြိုင်တာပေါ့။ ဒီလိုတွေပါ ပြောတယ်။ ပြောပြောပြီးရင် ရိုက်တာ။ အဲဒီလို မေး မေးပြီးတော့ ရိုက်တာ။ မင်းတို့ပဲ ခံနိုင်မလား၊ ငါတို့ လုပ်နိုင်မလား ကြည့်မယ်ပေါ့။ သူတို့က စီမံချက်ကိုရှိတယ်လို့ ပြောထားတာ။ သူတို့ရဲ့အတွင်းထဲက သတင်း၊ ဖရဲသီး တစ်ယောက်ကပဲ လှမ်းပြောတာက နိုင်ကျဉ်းတွေကို အဓိကဖြိုမယ့် စီမံချက်ရှိတယ်။ အရမ်းအာခံလာတဲ့ဟာ သိပ်နာမည်ထွက်လာတဲ့ အထဲက နိုင်/ကျဉ်းဆိုလို့ရှိရင် လက်စ သတ်ပစ်လိုက်ပါလို့ သူတို့ စာရထားပြီးသားတဲ့”
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်ရှိ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် တို့ လေးဦးကို သေဒဏ်စီရင်ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေး အကျဉ်းသားတွေဘက်က ထောင်ထဲမှာ ဆန့်ကျင်ကန့်ကွက်တဲ့ပုံစံ ပြောင်းသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထောင်မှူးကြီးဟောင်းတစ်ဦးက ပြောပါတယ်။
“ကိုဂျင်မီတို့၊ ကိုဖြိုးဇေယျာသော်တို့ပါတဲ့ လေးဦးကို ကြိုးပေးကွပ်မျက်မှုတွေ ပေးပြီးတဲ့ နောက်ပိုင်းမှာတော့ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့လှုပ်ရှားတဲ့ ပုံသဏ္ဌာန် ပြောင်းသွားတယ်။ ပြောင်းသွားတယ်ဆိုတာက အရင်ကလို အကျဉ်းထောင်အာဏာပိုင် တွေနဲ့ ထိပ်တိုက်တွေ့ဆုံပြီးတော့မှ ဆန္ဒပြတာတို့၊ သပိတ်မှောက်ဆူပူတာတို့ ဒါမျိုး လုပ်ရပ်တွေ မလုပ်တော့ဘဲနဲ့ ရပ်ဆိုင်းသွားပြီးတော့ Silent သပိတ်ပေါ်လာတယ်။ ဥပမာအားဖြင့်ဆိုရင် တိုက်ရိုက်ထိတွေ့ပြီးတော့ မပြောတော့ဘူး။ ထောင်ကနေပြီးတော့ အစားအစာတွေကို ယူတယ်။ သပိတ်သဘောမျိုး ဖြစ်သွားမှာစိုးလို့ မယူဘူး မဟုတ်ဘူး။ ယူတယ်။ မစားဘူး”
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန် အင်းစိန်၊ မန္တလေး အိုးဘို၊ ရွှေဘို၊ သာယာ ဝတီ၊ ဘားအံ စတဲ့ အကျဉ်းထောင်တွေမှာ ဆန္ဒပြမှုတွေ ကြီးကြီးမားမားဖြစ်ခဲ့ပြီး ထောင် အာဏာပိုင်တွေဘက်က ဥပဒေနဲ့ မညီဘဲ လေးခွနဲ့ပစ် ဖြိုခွင်းတာ၊ အုပ်စုဖွဲ့ ရိုက်နှက်ဖြိုခွင်း တာတွေ လုပ်ခဲ့တယ်လို့ အဲဒီထောင်မှူးကြီးဟောင်းက ဆက်ပြောပါတယ်။
၁၈၉၉ ခုနှစ် အကျဉ်းထောင်ဥပဒေမှာ ပုဒ်မ ၄၅ ကနေ ၅၀ အထိ ပြဋ္ဌာန်းချက်တွေမှာ အကျဉ်းသားတွေကို ဘယ်လိုအပြစ်ပေးရမလဲဆိုတာ တရားဝင် ဖော်ပြထားပေမယ့် လက်တွေ့မှာတော့ ထောင်အာဏာပိုင်တွေက လိုက်နာခြင်း မရှိဘူးလို့လည်း သူက ဆိုပါ တယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်ကတော့ အာဏာရှင်တွေဟာ လူတွေကိုသာ အကျဉ်းချလို့ရမယ်၊ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်ကိုတော့ အကျဉ်းချထားလို့ မရဘူးလို့ RFA ကို ပြောပါတယ်။
“ထောင်ထဲမှာကလည်း ထောင်အာဏာပိုင်အဖွဲ့အစည်းကတော့ စစ်အာဏာရှင်တွေက တော့ ဘယ်လောက်ကြီးပဲ အဆိုးဝါးဆုံး ပြင်းပြင်းထန်ထန် ဖိနှိပ်ညှဉ်းပန်းနှိပ်စက်နေပါ စေ ခေတ်အဆက်ဆက်က နိုင်ငံရေးအကျဉ်းသားတွေကတော့ ရှင်းပါတယ်၊ သူတို့ရဲ့ ရုပ် ပိုင်းဆိုင်ရာကိုတော့ အကျဉ်းချထားလို့ ရကောင်းရလိမ့်မယ်၊ ဒါပေမဲ့ ခေတ်အဆက်ဆက် တော်လှန်တဲ့ စိတ်ဓာတ်တွေကိုတော့ ထောင်သွင်းအကျဉ်းချထားလို့ ဘယ်တော့မှမရဘူး ဆိုတဲ့ နွေဦးတော်လှန်ရေး စိတ်ဓာတ်ပေါ့နော်။ အဲလို စိတ်ဓာတ်တွေနဲ့ တိုက်ပွဲဝင်နေ တယ်ဆိုတာကိုတော့ ဘယ်လိုမှ ငြင်းလို့မရပါဘူး”
လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ အလုပ်ကြမ်းတွေပါ လုပ် ကိုင်နေရပြီး ရိုက်နှက်ကန်ကျောက်၊ တိုက်ပိတ်၊ ခြေကျင်း ဒေါက်ခတ်၊ ထောင်ဝင်စာပိတ်၊ ရေချိုမရ၊ လမ်းလျှောက်ခွင့်ပိတ်၊ ကျန်းမာရေးစောင့်ရှောက်မှုမရ စတဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုမျိုးစုံကို ရင်ဆိုင်နေရတာကြောင့် ICRC လို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လာရောက်စစ်ဆေးပေးစေချင်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြောပါတယ်။
ICRC အနေနဲ့ အကျဉ်းထောင်တွေထဲ ဝင်ရောက်ကူညီခွင့်ရဖို့ စစ်ကောင်စီနဲ့ အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် အခုထိ ဝင်ခွင့်မရသေးကြောင်း ICRC နိုင်ငံတကာ ကြက်ခြေနီ အသင်းက လွန်ခဲ့တဲ့ လအနည်းငယ်က သတင်းထုတ်ပြန်ထားပါတယ်။