ကိုဇာဂနာနဲ့ အဖွဲ့ ထိုင်းနိုင်ငံ ရောက်နေ

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးရာမှာ အထောက်အကူ ပြုနိုင်ဖို့် သုံးရက်ကြာ လေ့လာရေးခရီးအဖြစ် ဟာသသရုပ်ဆောင် ကိုဇာဂနာနဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံကို ဒီကနေ့ ရောက်လာပါတယ်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ထိုင်းနိုင်ငံသို့ လေ့လာရေးခရီး ထွက်ခွာရန် ရန်ကုန်လေဆိပ်တွင် စောင့်ဆိုင်းနေသည့် ဟာသသရုပ်ဆောင် ကိုဇာဂနာနှင့်အဖွဲ့။ Maung Thura/ Facebook

ဒီဇင်ဘာ ၁၇ ရက်က ၁၉ ရက်အထိ ဘန်ကောက်မြို့မှာ ရှိတဲ့ ရုပ်ရှင် စတူဒီယိုတွေနဲ့ ရုပ်သံသတင်းဌာနက အသုံးပြုနေတဲ့ စတူဒီယိုတွေကို လှည့်လည် လေ့လာမယ့်အကြောင်း၊ ရုပ်ရှင် ဒါရိုက်တာတွေနဲ့လည်း တွေ့ဖို့ရှိကြောင်း ကိုဇာဂနာက အာရ်အက်ဖ်အေကို ပြောပါတယ်။

“အဓိကတော့ ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဒီမှာ သူတို့နဲ့ လာပြီး တွေ့ဆုံမေးမြန်းတဲ့ သဘောပါပဲ။ ပထမတုန်းကတော့ အန်တီခေါင်းဆောင်ပြီး လုပ်ထားတဲ့ Film Festival အတွက် ရည်စူးတာပေါ့။ အခုတခါ ဗိုလ်ချုပ်အောင်ဆန်းကိစ္စ အတွက်ပါ စတူဒီယိုတခုမှာ ပစ္စည်းတွေ ဘယ်လို ဆင်သလဲ၊ ဘယ်လိုတပ်သလဲ၊ ကင်မရာတွေ ဘယ်လို အလုပ်လုပ်သလဲ စသဖြင့် ဒါတွေကို ဆက်ပြီး လေ့လာဖို့ တခါတည်း လုပ်လိုက်တဲ့ သဘောပါပဲ”

ကိုဇာဂနာနဲ့ အဖွဲ့ဟာ ဒီဇင်ဘာ ၂ဝ မှာ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ပြီး ရုပ်ရှင်ရိုက်ကွင်းနဲ့ ပတ်သက်တဲ့ နေရာတွေကို ထပ်မံ လေ့လာပါမယ်။ လေ့လာရေးအဖွဲ့ထဲမှာ ကိုဇာဂနာနဲ့အတူ လူရွှင်တော် အရိုင်းနဲ့ I.T. ပညာရှင် ကိုမောင်မောင်တို့ ပါဝင်ကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org