နိုင်ငံရေးအကျဉ်းသားတွေ မကြာခင်လွတ်မယ်လို့ ဇာဂနာပြော

နိုင်ငံရေးအကျဉ်းသားတွေ မကြာခင် လွတ်မြောက်လာမယ်လို့ မိမိယုံကြည်ကြောင်း၊ အကြောင်းမဲ့ ပြောဆိုတာ မဟုတ်ဘဲ အစိုးရ အာဏာပိုင်တွေဆီက ရတဲ့ အချက်တွေပေါ် အခြေခံပြီး ပြောတာ ဖြစ်ကြောင်း နာမည်ကျော် လူရွှင်တော် ဇာဂနာက ဆိုပါတယ်။

ဟာသ သရုပ်ဆောင် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇာဂနာနှင့် အဖွဲ့က သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသား (၃၄) ဦးအတွက် လှူဒါန်းသည့် ကျပ်ငွေ ၃ သိန်း ၄ သောင်းနှင့် အလှူပစ္စည်းများကို သာယာဝတီ ထောင်ပိုင်ကြီးက လက်ခံ ရယူနေစဉ်။ Zaganar Photos Album Zaganar Photos Album

မိမိတွေ့ ဆုံခွင့်ရတဲ့ အာဏာပိုင်တွေ၊ နိုင်ငံရေး ပါတီခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ သံတမန်တွေ ကိုလည်း နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးရေး ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ အဓိကထား မေတ္တာရပ်ခံ ပြောဆိုခဲ့ပါကြောင်း ကိုဇာဂနာက အာအက်ဖ်အေကို ပြောပါတယ်။

အကြောင်းစုံကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org