နိုင်ငံတော်အကြီးအကဲတွေကို ဘွဲ့တံဆိပ်တွေ ဆက်လက်ချီးမြှင့်ဖို့ YMBA စီစဉ်

ဥပဒေကြောင်းဆိုင်ရာတွေနဲ့ အငြင်းပွားဖွယ်ရာတွေ ဖြစ်နေတဲ့ ဗုဒ္ဓကလျာဏယုဝအသင်း YMBA အနေနဲ့ လာမယ့် ၂၀၂၀ မှာ နိုင်ငံတော် အကြီးအကဲ တချို့ကိုလည်း ဘွဲ့တံဆိပ်တွေ ဆက်လက်ချီးမြင့်ဖို့ ရှိတယ်လို့ YMBA ဥက္ကဋ္ဌ ဦးရဲထွန်းက RFA ကို ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို YMBA အဖွဲ့က ၂၀၁၉ အောက်တိုဘာ ၇ ရက်နေ့က မဟာမင်္ဂလဓမ္မဇောတိကဘွဲ့ ပေးအပ်ခဲ့စဉ် Photo: YMBA 1906 - facebook

ဥပဒေကြောင်းဆိုင်ရာတွေနဲ့ အငြင်းပွားဖွယ်ရာတွေ ဖြစ်နေတဲ့ ဗုဒ္ဓကလျာဏယုဝအသင်း YMBA အနေနဲ့ လာမယ့် ၂၀၂၀ မှာ နိုင်ငံတော် အကြီးအကဲ တချို့ကိုလည်း ဘွဲ့တံဆိပ်တွေ ဆက်လက်ချီးမြင့်ဖို့ ရှိတယ်လို့ YMBA ဥက္ကဋ္ဌ ဦးရဲထွန်းက RFA ကို ပြောပါတယ်။

YMBA အသင်းအနေနဲ့ နောက်ထပ်လည်း မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ တက္ကသိုလ်ကို လာမယ့် ၂၀၂၀ မှာ စတင်ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေကြောင်းလည်း ဦးရဲထွန်းက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ YMBA အသင်းကနေပြီး စွပ်စွဲပြောဆိုသူတွေကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ပုဇွန်တောင်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး အမှုကိုစစ်ဆေးနေဆဲဖြစ်ကြောင်း ပုဇွန်တောင် မြို့မရဲစခန်းက စခန်းမှူး ဆလိုင်းမင်းဗိုလ်ဦးက ပြောပါတယ်။

ရန်ကုန်ခေတ်သစ် သတင်းဌာနကိုလည်း တရားစွဲဆိုဖို့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံး ဖြတ်ခဲ့ပြီးဖြစ်ကြောင်း ဘယ်လိုအမှုပုဒ်မမျိုးနဲ့စွဲမယ်ဆိုတာ မသိသေးကြောင်းကို YMBA ဥက္ကဋ္ဌ က ပြော ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စစ်ဦးစီးချုပ်ရုံးမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘာသာသာသနာ ထွန်းကားအောင် ဆောင်ရွက်ပေးတဲ့အတွက် မဟာမင်္ဂလဓမ္မဇောတိကဘွဲ့ကို YMBA ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကနေ ပေးအပ်လိုက်ရာမှာ နောက်ထပ် YMBA အသင်းတာဝန်ရှိသူတွေက တရားမဝင်အသင်း ဖြစ်တယ်ဆိုပြီး အငြင်းပွားဖွယ်ရာဖြစ်နေတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org