ရေမဆေးသမားတွေနဲ့ တွေ့ဆုံပွဲ ကုမ္ပဏီတာဝန်ရှိသူတွေ တက်ရောက်ဖို့ ပျက်ကွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် နန်စီပွန်ဒေသက ရေမဆေးကျောက် ရှာဖွေသူတွေနဲ့ လုပ်ငန်းရှင်တွေ ဒီနေ့ ခန္တီးမြို့မှာ တွေ့ဆုံ ဖို့ ကျောက်မျက်ဌာနက တာဝန်ရှိသူတွေက ကြားဝင် ညှိနှိုင်းပေးခဲ့ပေမယ့် လုပ်ငန်းရှင်တွေက လာရောက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။

ရေမဆေးကျောက် ရှာနေသူတစ်ဦးကို တွေ့ရစဉ် Photo: Kyaw Myo Min/RFA

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် နန်စီပွန်ဒေသက ရေမဆေးကျောက် ရှာဖွေသူတွေနဲ့ လုပ်ငန်းရှင်တွေ ဒီနေ့ ခန္တီးမြို့မှာ တွေ့ဆုံဖို့ ကျောက်မျက်ဌာနက တာဝန်ရှိသူတွေက ကြားဝင်ညှိနှိုင်း ပေးခဲ့ပေမယ့် လုပ်ငန်းရှင်တွေက လာရောက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။

ရေမဆေးကျောက် ရှာဖွေသူတွေအနေနဲ့ ခန္တီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့သာ တွေ့ဆုံခဲ့ကြတယ်လို့ နန်စီပွန်ဒေသမှာ ရေမဆေးကျောက်ရှာဖွေသူ ဒေါ်ဇင်မာက ပြောပါတယ်။

"ဒါဆိုလို့ရှိရင် သူတို့ကို ဘယ်တော့တွေ့ပေးမလဲပေါ့နော်။ လုပ်ငန်းရှင်တွေနဲ့ အစ်မတို့ မတွေ့ခင် စပ်ကြားကို အစ်မတို့ ပြည်သူလူထုကို ရဲတွေက နိုင်ထက်စီးနင်းလုပ်တဲ့ ပုံစံမျိုးတွေ၊ ရိုက်တာတွေ၊ နှက် တာတွေ၊ ဖမ်းမှာတွေ ဆီးမှာတွေ၊ ဖမ်းပြီးတော့မှ တရားဥပဒေမဲ့ပါတယ်ဆိုပြီးတော့မှ ဖမ်းဆီးပြီး အရေးယူတာတွေ လုပ်ဆောင်မှာလား၊ မလုပ်ဆောင်ဘူးလားဆိုပြီး အစ်မက အဲဒါကို တောင်းဆိုတဲ့ အခါကျတော့ အဲဒါကတော့ ဗျူဟာမှူးတို့၊ ခရိုင်တို့ရဲ့ တာဝန်ဖြစ်ပါတယ်တဲ့။ သူတို့ လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ တာဝန်တော့ သိပ်မဟုတ်ဘူးလို့ အဲလိုပြောခဲ့တယ်"

ကုမ္ပဏီလုပ်ငန်းရှင်တွေထဲက တချို့က နိုင်ငံခြားခရီးသွားရောက်နေပြီး လူမစုံတာကြောင့် ဒီနေ့ တွေ့ဆုံပွဲကို မလာနိုင်တာလို့သိရပြီး ရေမဆေးလုပ်သားတွေဘက်က ကိုယ်စားလှယ် ၁၀ ဦး လာရောက်ခဲ့တယ်လို့ သိရပါတယ်။

နန်စီပွန်ဒေသမှာ ကုမ္ပဏီလုပ်ကွက်တွေအတွင်း တရားမဝင် ရေမဆေးကျောက်ရှာဖွေနေသူတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ  ၄ ရက်နေ့က နောက်ဆုံးထား ထွက်ခွာပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားပြီး မလိုက်နာသူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကုမ္ပဏီလုပ်ကွက်တွေအတွင်း ဆက်လက်ရှာဖွေနေသူတွေရှိသလို တချို့က ဖမ်းဆီးခံရမှာကို စိုးတာကြောင့် ဝင်ရောက်ရှာဖွေမှုမရှိတော့ဘူးလို့ ပြောပါတယ်။ နန်စီပွန်ဒေသမှာ ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော် လုံခြုံရေးယူထားတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org