ရေနံချောင်းက ကျောင်းသူတစ်ဦး ဖမ်းဆီးခံရ
မကွေးတိုင်း၊ ရေနံချောင်းတက္ကသိုလ်က အသက် ၁၉ နှစ်အရွယ် ပထမနှစ်ကျောင်းသူ မဆုပြည့်အောင်ကို ဩဂုတ်လ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီက နေအိမ်ကနေ အရပ်ဝတ်နဲ့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရေနံချောင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂက RFA ကို ဒီနေ့ပြောပါတယ်။
- 2021-08-25
-
-
-
မကွေးတိုင်း၊ ရေနံချောင်းတက္ကသိုလ်က အသက် ၁၉ နှစ်အရွယ် ပထမနှစ်ကျောင်းသူ မဆုပြည့်အောင်ကို ဩဂုတ်လ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီက နေအိမ်ကနေ အရပ်ဝတ်နဲ့ လာရောက် ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ရေနံချောင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂက RFA ကို ဒီနေ့ပြောပါတယ်။
မဆုပြည့်အောင်ကို အရပ်ဝတ်ရဲတွေက အိမ်ကနေ လာရောက်ဖမ်းဆီးသွားတာလို့ အမည်မဖော်လိုတဲ့ ရေနံချောင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"အင်အားကတော့ သိပ်မပါပါဘူးရှင့်။ လမ်းထိပ်မှာ ကားရပ်ခဲ့ပြီး ရာအိမ်မှူးနဲ့ ရဲတချို့နဲ့ က အိမ်ကိုလာပြီး ခေါ်သွားတာပါ။ ရဲဆိုပေမယ့် အရပ်ဝတ်တွေနဲ့ပါရှင့်"
လက်ရှိမှာတော့ မဆုပြည့်အောင်ကို ဘာကြောင့် လာရောက်ဖမ်းဆီးသွားတယ်ဆိုတာနဲ့ ဘယ်ကို ခေါ်ဆောင် သွားတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။
မဆုပြည့်အောင်ဟာ ရေနံချောင်းမြို့နယ်၊ မြို့မမြောက်ရပ်ကွက်မှာ နေထိုင်တာဖြစ်ပြီး ရေနံချောင်း တက္ကသိုလ်မှာ ဓာတုဗေဒဘာသာရပ်ကို တက်ရောက်နေတဲ့ ပထမနှစ် ကျောင်းသူတစ်ယောက် ဖြစ်ပါတယ်။