ဆိပ်ဖြူမြို့နယ် ယောချောင်း ရေကြီး
မကွေးတိုင်း ဆိတ်ဖြူမြို့နယ်မှာ ယောချောင်း ရေကြီးတဲ့အတွက် ချောင်းတလျှောက်က ရွာတွေ ရေနဲ့ မျှောပါပြီး အပျက်အစီး အဆုံးအရံှုးတွေ ရှိနေပါတယ်။
-
2011-10-22 -
-
-
Your browser doesn’t support HTML5 audio
ဒီချောင်းရိုးတလျှောက်က ရွာတွေဟာ ကြက်သွန်ကို အဓိကထား စိုက်ပျိုးကြပြီး ရွာတွေမှာ ဂိုဒေါင်တွေနဲ့ သိုလှောင်ထားတာပါ။ အခုလို မမျှော်လင့်ဘဲ ယောချောင်းရေ တက်လာတဲ့အတွက် ကြက်သွန်ဂိုဒေါင်တွေ ပျက်စီးပြီး ကြက်သွန်တွေ ရေနဲ့ မျောပါကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ည ၂ နာရီ ၃ နာရီလောက် လူတွေ အိပ်မောကျချိန် ချောင်းရေ တက်လာတာမို့ လူတွေ အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာကို ပြေးကြရတယ်လို့လည်း သိရပါတယ်။
မကြုံစဖူး မိုးများတဲ့အတွက် မကွေးတိုင်း မြိုင်မြို့က မွေးမြူရေးခြံတွေမှာလည်း ရေကြီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသေးစိတ်ကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
စုစည်းတင်ပြချက်။ |
|
အသံဖိုင်ယူရန်။ |