ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်းပေါင်း တစ်သိန်းခြောက်သောင်းကျော် ရန်ကုန်တိုင်းအစိုးရအဖွဲ့ တောင်းခံ

လက်ရှိ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် အတွက် ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်းပေါင်း တစ်သိန်းခြောက် သောင်းကျော်ချထားပေးဖို့ ဒီနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော် ထံ တင်သွင်းခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တွေ့ရစဉ် Photo: Aung Thain Kha/RFA

လက်ရှိ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်းပေါင်း တစ်သိန်းခြောက်သောင်းကျော် ချထားပေးဖို့ ဒီနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော်ထံ တင်သွင်းခဲ့ပါတယ်။

အဲဒီဖြည့်စွက်ရန်ပုံငွေကို မနက်ဖြန်ကျင်းပမယ့် လွှတ်တော်မှာ ကိုယ်စားလှယ်တွေက အတည်ပြုပေးရမှာဖြစ် ပါတယ်။ ကျပ်သန်းပေါင်း တစ်သိန်းခြောက်သောင်းကျော်ကို ဌာန ၁၉ ခုက တောင်းခံတာဖြစ်ပြီး အဲဒီထဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ငွေလုံးငွေရင်းအသုံးစားရိတ် ကျပ်သန်း ၁၆၀၀ ကျော် သာမာန်အသုံးစားရိတ် ကျပ်သန်း ၂ထောင်ကျော်နဲ့ အဖွဲ့အစည်းတွေမှာ ရင်းနှီးမြုှပ်နှံငွေ ကျပ်သန်းပေါင်း ၅ထောင် ထည့်သွင်းတောင်းခံထားတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ က ပြောပါတယ်။

၂၀၁၆-၂၀၁၇ ဘတ်ဂျက်ကို ပြီးခဲ့တဲ့အစိုးရလက်ထက်က ရေးဆွဲခဲ့ပြီး လက်ရှိအစိုးရတက်လာချိန်မှာ အလျင်အမြန် အတည်ပြုလိုက်တာကြောင့် သေချာမစိစစ်နိုင်ခဲ့တဲ့ အခြေအနေတွေရှိခဲ့ကြောင်းနဲ့ အစိုးရ အကူးပြောင်းအရ လွှတ်တော်အသုံးစားရိတ်တွေဟာ အရင်ကထက်ပိုများလာတာတွေရှိတာကြောင့် ဖြည့်စွက်ရန်ပုံငွေမှာ လွှတ်တော်အသုံးစားရိတ်တွေကိုလည်း ထပ်မံထည့်သွင်းတောင်းခံရတာတွေရှိတယ်လို့ ဆိုပါတယ်။

လွှတ်တော်ရေးရာကော်မတီတွေ များပြားလာတဲ့အတွက် လုပ်ငန်းဆောင်ရွက်စရိတ်တွေ ပိုမိုမြင့်တက်လာ တာတွေရှိပြီး အရင်အစိုးရလက်ထက်နဲ့ ယှဉ်မယ်ဆိုရင် လွှတ်တော်အစည်းအဝေးကျင်းပတဲ့ ရက်တွေလည်း ပိုမိုများပြားလာတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေအတွက် အသုံးစရိတ် ပေးချေရတာတွေဟာလည်း အရင်သတ်မှတ်ထားတာထက် ပိုမိုကုန်ကျမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ ရသုံးမှန်းခြေငွေစာရင်းကို လာမယ့် မတ်လမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ဆွေးနွေးအတည်ပြုသွားမှာ ဖြစ်ပါတယ်။

လက်ရှိ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း ဌာန ၁၉ ခုက ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်းပေါင်း တစ်သိန်းခြောက်သောင်းကျော် ချထားပေးဖို့ အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဒီနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ  တင်သွင်းခဲ့ပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ တောင်းခံတဲ့ ဖြည့်စွက်ရန်ပုံငွေကို မနက်ဖြန်ကျင်းပမယ့် ရန်ကုန်တိုင်းလွှတ်တော်မှာ အတည်ပြုပေးဖို့နဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org