NUG ရဲ့ ရန်ကုန်တိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်းသစ်ဖွဲ့စည်း
တပ်ရင်း ၁ ကို ၅၁ဝ၁ လို့ နာမည်ပေးထားပြီး၊ အခုတပ်ရင်း ၂ ကို ၅၁ဝ၂ လို့ နာမည်ပေးထားတာဖြစ်ပါတယ်။
-
RFA Burmese
2024-07-02 -
-
-
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရန်ကုန်တိုင်းစစ်ဌာနလက်အောက်မှာ ဒုတိယတပ်ရင်းသစ်တစ်ရင်း ထပ်တိုးဖွဲ့စည်းလိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ကထုတ်ပြန်ပါတယ်။
ပထမဦးဆုံးတပ်ရင်းကို ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ် ဇွန်လက ဖွဲ့စည်းထားတာဖြစ်ပြီး တစ်နှစ်ပြည့်ချိန်မှာ တပ်ရင်း ၂ ကို ဖွဲ့စည်းတာဖြစ်ပါတယ်။ တပ်ရင်း ၁ ကို ၅၁ဝ၁ လို့ နာမည်ပေးထားပြီး၊ အခုတပ်ရင်း ၂ ကို ၅၁ဝ၂ လို့ နာမည်ပေးထားတာဖြစ်ပါတယ်။
ဒီတပ်ရင်းဟာ စစ်ဆင်ရေးနယ်မြေအသီးသီးမှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲတွေ စဉ်ဆက်မပြတ် ဖော်ဆောင်နေပြီး စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းသွားမယ်လို့လည်း NUG ကပြောပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စတင်ဖွဲ့စည်းပြီး စစ်ကောင်စီအပြီးတိုင် အမြစ်ဖြတ်ချေမှုန်းရေးအတွက် နိုင်ငံတစ်ဝန်းမှာ စစ်ဒေသခွဲနယ်မြေတွေ၊ တပ်ရင်း၊ တပ်ဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့လည်း ဆိုပါတယ်။
PDF တွေနဲ့ မဟာမိတ်တွေပါဝင်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးဟာ မန္တလေးတိုင်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး စတင်နေပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်