ရေလျှံမှု ဖြေရှင်းရေး ရန်ကုန် လွှတ်တော် အတည်ပြု
ရန်ကုန်တိုင်းမြို့နယ်တွေမှာ အမှိုက်သိမ်း စနစ် ပိုကောင်းဖို့နဲ့ ရေကြီးရေလျှံမှုတွေ ကို ဖြေရှင်းနိုင်ဖို့ ဒီနှစ် မိုးရာသီ မတိုင် ခင် ဖြေရှင်းပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
-
2016-05-24 -
-
-
ရန်ကုန်တိုင်းမြို့နယ်တွေမှာ အမှိုက်သိမ်းစနစ် ပိုကောင်းဖို့နဲ့ ရေကြီးရေလျှံမှုတွေကို ဖြေရှင်းနိုင်ဖို့ ဒီနှစ် မိုးရာသီ မတိုင်ခင် ဖြေရှင်းပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အတည်ပြုလိုက် ပါတယ်။
အဲဒီအဆိုကို စမ်းချောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က တင်သွင်း တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက စီမံချက်ရေး ဆွဲပြီး ဆောင်ရွက်သွားမယ်လို့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
"တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်ရဲ့ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် အသီးသီးမှာ ယခုလက်ရှိလုပ်ဆောင်နေတဲ့ အမှိုက်သိမ်း စနစ်ထက် ပိုမိုကောင်းမွန်တဲ့ စနစ်တစ်ခု ကို လေးထားလုပ်ဆောင်ပေးရန်နှင့် နောက်ဖေးလမ်းကြားမှာစုပုံနေတဲ့ အမှိုက်များ၊ ရေမြောင်းများပိတ် ဆို့နေတဲ့ အမှိုက်များကို လာမယ့်ရာသီမှာ စီမံချက်ရေးဆွဲဖို့ တိုက်တွန်းထားတဲ့အဆိုကို ကျနော်တို့အစိုးရ အဖွဲ့အနေနဲ့ အလေးအနက်ထောက်ခံ၊ လက်ခံ၊ ဆောင်ရွက်သွား မှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ"
စည်ပင်သာယာဌာနအတွက် ခေတ်မီတဲ့ အမှိုက်သိမ်းစက်ယန္တရားတွေ ထားရှိပေးဖို့၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် သူတွေကို ထိရောက်စွာအရေးယူဖို့၊ အမှိုက်သိမ်း ဝန်ထမ်းတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဖြည့်ဆည်းပေးဖို့ တို့ကိုလည်း တိုင်းဒေသကြီး ကိုယ်စားလှယ် ၁၁ ဦးက ထောက်ခံဆွေးနွေးခဲ့ပါတယ်။