မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာမှှု မရှိဟု ဒေါ်အောင်ဆန်း စုကြည် ဝေဖန်

ရန်ကုန်တိုင်းအစိုးရက မြို့သစ်တစ်ခု တည်ဆောက်မယ့်စီမံကိန်းကို တင်ဒါ မခေါ်ပဲ ကုမ္ပဏီတခုကို ပြိုင်ဖက်မရှိခွင့်ပြုခဲ့တာဟာ ပွင့်လင်းမြင်သာမှှုကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဝေဖန်ပြောကြားလိုက်ပါတယ်။

မေလ ၂၇ ရက်နေ့တွင်ကျင်းပတဲ့ NLD ရဲ့ ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် photo: NLD Facebook

ရန်ကုန်တိုင်းအစိုးရက မြို့သစ်တစ်ခုတည်ဆောက် မယ့်စီမံကိန်းကို တင်ဒါမခေါ်ပဲ ကုမ္ပဏီတစ်ခုကို ပြိုင်ဖက်မရှိခွင့်ပြုခဲ့တာဟာ ပွင့်လင်းမြင်သာမှှု ကင်းမဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြော ကြားလိုက်ပါတယ်။

ဒီကိစ္စဟာ လက်ရှိအစိုးရ တာဝန်ယူခဲ့ချိန်ကစပြီးပြော ဆိုခဲ့တဲ့ ကတိစကားတွေနဲ့ ကွဲလွဲနေတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

"ဒီအစိုးရစတက်ကတည်းကပြောနေတာပေါ့နော်၊ Good Governance ဆိုတာ ပွင့်လင်းမြင်သာမှှုနဲ့ တာဝန်ယူမှှုဆိုပြီးတော့ ခုကျတော့ ပွင့်လင်းမြင် သာမှှုမရှိဘူးဆိုလို့ရှိရင် Good Governance ဆိုတဲ့ဒီသဘောတရားကို လက်လျော့လိုက်ပြီလား ဆိုတာ မေးရတော့ မလိုဖြစ်နေပါပြီ"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာ ဖြစ် ပါတယ်။

ဒါ့အပြင် တစ်ဦးနဲ့တစ်ဦး သဘောထားလွဲလွဲမှှုနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ လူတွေမှာ တူညီတဲ့ရည်ရွယ်ချက် ရှိမယ်ဆိုရင် မတူညီတဲ့အမြင်တွေကို ညှိနှှိုင်းလို့ရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org