နှစ်ပတ်အတွင်း ရန်ကုန်တိုင်းက ၁၉ ဦး ဖမ်းဆီးခံရကြောင်း AAPP ပြော

နှစ်ပတ်အတွင်း အမျိုးသား ၁၆ ဦး၊ အမျိုးသမီးသုံးဦးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတစ်ဦး စုစုပေါင်း ၂ဝ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

Photo: AFP

 ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ နှစ်ပတ်အတွင်း ရန်ကုန်တိုင်းက ၁၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က မနေ့က ထုတ်ပြန်ပါတယ်။

နှစ်ပတ်အတွင်း အမျိုးသား ၁၆ ဦး၊ အမျိုးသမီးသုံးဦးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတစ်ဦး စုစုပေါင်း ၂ဝ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲက ဖမ်းဆီးခံရသူ ၁၉ ဦးနဲ့ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး ကျန်တစ်ဦးက ဧရာဝတီတိုင်းက ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ ဘယ်လိုစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတယ်ဆိုတာ အသေးစိတ် ဖော်ပြမထားပါဘူး။ AAPP တာဝန်ရှိသူတွေကို အသေးစိတ်သိရဖို့ RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ဇွန်လ ၇ ရက်နေ့က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က ကိုဇော်မင်းထွန်းကို လူမှုကွန်ရက်ပေါ်မှာ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မဟုတ်မမှန်သတင်းတွေ ရေးတင်တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။

AAPP ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် (၂ဝ,၅၉၂ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက လူ ကိုးထောင်ကျော် (၉၁၉၈ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။
______________
စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရစဉ်။ (Photo: RFA)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org