ပေါက်မြို့နယ် ဝန်ခြုံးရွာကို စစ်ကောင်စီတပ်မီးရှို့

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးရွာမှာ စစ်ကောင်စီတပ်တွေက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနေတဲ့ အိမ်တွေကို ဇူလိုင် ၃၁ ရက် ဒီကနေ့ နေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးရွာမီးလောင်နေတာကို ၂၀၂၁ ဇူလိုင် ၃၁ ရက်နေ့က တွေ့ရစဉ် Photo: CJ
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးရွာမှာ စစ်ကောင်စီတပ်တွေက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တွေနေတဲ့ အိမ်တွေကို ဇူလိုင် ၃၁ ရက် ဒီကနေ့ နေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းကလည်း ပေါက်မြို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပင်တောင်ရွာက ပျုစောထီးအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပြီး ပင်တောင်ရွာ ပျုစောထီးဘက်က သုံးယောက် သေဆုံးခဲ့ပါတယ်။

ဒါကြောင့်မို့ ဝန်ခြုံးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိနေတယ်လို့ ယူဆပြီး စစ်ကောင်စီတပ်တွေက လာမီးရှို့တာဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

ဝန်ခြုံးရွာကို ဒီနေ့မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင် ၁၀ ယောက် ဝင်ရောက်လာပြီး နေ့လယ်ပိုင်းမှာလည်း စစ်ကား တွေ ထပ်ရောက်လာပြီး နောက်ပိုင်း ဝန်ခြုံးရွာက နေအိမ်တချို့ မီးလောင်တာတွေ့ရပြီး အိမ်ဘယ်နှစ်လုံး မီးလောင်ပျက်စီးခဲ့လည်း ဆိုတာတော့ မသိရသေးသလို ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ အဲဒီ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့တုန်းကလည်း ပေါက်မြို့နယ် ကင်းမရွာမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရလို့ အသက် ၈၀ ကျော်အရွယ် သက်ကြီးရွယ်အို နှစ်ယောက်တို့ မီးလောင်သေဆုံးခဲ့ရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org