ထိုင်းနိုင်ငံ UNHCR ရုံးရှေ့မှာ မြန်မာအလုပ်သမားတွေ ဆန္ဒပြ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့မှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတချို့က ဇူလိုင်လ ၇ ရက်နေ့က ဆန္ဒပြခဲ့တယ်လို့ ကိုယ်တိုင် ပါဝင်ခဲ့သူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ UNHCR ရုံးအရှေ့တွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒပြတောင်းဆိုနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ Bright Future

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့မှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတချို့က ဇူလိုင်လ ၇ ရက်နေ့က ဆန္ဒပြခဲ့တယ်လို့ ကိုယ်တိုင် ပါဝင်ခဲ့သူတွေက ပြောပါတယ်။

အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ခရိုင်တစ်ခုအတွင်း သွားလာနေထိုင်ခွင့်အတွက် ထုတ်ပေးထားတဲ့ ပန်းရောင်ကတ်နဲ့ အလုပ်လုပ်ခွင့်ရဖို့ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေအရေးနဲ့ မြန်မာဒုက္ခသည်တွေအရေး တောင်းဆိုဆန္ဒပြတာလို့ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူ ကိုစူရတ်ဂီရိက RFA ကိုပြောပါတယ်။

“ပထမတစ်ချက်က CI စင်တာတွေ ပိတ်မယ့်အစား CI ပါ တစ်ခါတည်း ပိတ်လိုက်ပြီး ပန်းရောင်ကတ်နဲ့ပဲ နေမယ်။ CI တွေ မလုပ်ဘူး။ ဒုတိယတစ်ချက်ကတော့ အာဆီယံဥက္ကဋ္ဌနဲ့ ပူးတွဲပြီး နယ်စပ်ဒေသတစ်လျှောက်က စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက်၊ တတိယတစ်ချက်ကတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး အပါအဝင် မြန်မာ့အရေးကို NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်”

ဒီဆန္ဒပြပွဲမှာ ဘန်ကောက်အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူတွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးဆယ်ခန့် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘယ်သူဘယ်ဝါဖြစ်ကြောင်း အထောက်အထား သက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးတဲ့ စင်တာအားလုံးကိုလည်း ဇူလိုင်လ ၇ ရက်က ပိတ်လိုက်တဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့လည်း မြန်မာအလုပ်သမားတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org