အနည်းဆုံးအခကြေးငွေနှုန်းထား ဒီလကုန် ဆွေးနွေးအတည်ပြုမည်

လာမယ့် ဒီဇင်ဘာလနောက်ဆုံးပတ်မှာ အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်ကို ဆွေးနွေး အတည်ပြုသွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ Chatrium Hotel မှာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျင်းပတဲ့ အနည်းဆုံးအခကြေးငွေ နှုန်းထားအသစ် သတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကို တွေ့ရစဉ် Photo: Aung Thein Kha/RFA

လာမယ့် ဒီဇင်ဘာလနောက်ဆုံးပတ်မှာ အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်ကို ဆွေးနွေးအတည်ပြု သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ Chatrium Hotel မှာ ကျင်းပတဲ့ အနည်းဆုံးအခကြေးငွေ နှုန်းထားအသစ်သတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောခဲ့တာဖြစ်ပါတယ်။

"တိုင်းနဲ့ပြည်နယ်တွေက အလုပ်ရှင်တွေ၊ အလုပ်သမားတွေ၊ အလုပ်သမားနဲ့ သက်ဆိုင်တဲ့ တိုင်းနဲ့ပြည် နယ်တွေက ဝန်ကြီးတွေပေါ့နော်၊ သူတို့လည်း ဒေသအသီးသီးမှာ ဆွေးနွေးပြီးတော့မှ သူတို့အဖွဲ့ အစည်းတွေ ဒေသက ဆုံးဖြတ်ချက် ဝန်ကြီးဌာနကို ပေးနေပါတယ်၊ အဲ့အပေါ်မူတည်ပြီးတော့မှ ဒီမှာညှိနှိုင်းဆွေးနွေးပြီးတော့မှ ဘက်ပေါင်းစုံပေါ့နော် ဘယ်လိုအခြေအနေရှိနေပြီလဲ၊ ငွေကြေးဖောင်း ပွမှုတွေက ဘယ်လိုအခြေအနေရှိနေပြီလဲ၊ ပြီးတော့မှ အိမ်နီးချင်းနိုင်ငံတွေမှာ ဘယ်လောက်သတ်မှတ် သလဲပေါ့နော်၊ ဒါတွေကိုတဖက်က စဉ်းစားပြီးတော့မှ ဒီမှာဘက်ပေါင်းစုံက ညှိနှိုင်းဆွေးနွေးမှာဖြစ် ပါတယ်၊ စတုတ္ထအကြိမ်ကိုတော့ အကြမ်းမျဉ်းသတ်မှတ်ထားတာတော့ ဒီဇင်ဘာလထဲမှာပဲ နောက်ဆုံး ပတ်မှာပဲ အဲ့မှာဆွေးနွေးပြီးတော့မှ ဒါအဖြေဖော်ထုတ်မယ်"

အဲဒီဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရ၊ တိုင်းနဲ့ပြည်နယ်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အလုပ်ရှင် ကိုယ်စားလှယ်တွေ၊ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေ တက်ရောက် ခဲ့ကြပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးက တက်ရောက်လာတဲ့ အစိုးရအဖွဲ့ဝင်တွေကလည်း သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အတွင်း ဆွေးနွေးရရှိထားတဲ့ လုပ်အားခနှုန်းထားတွေကို တင်ပြခဲ့ကြပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဆွေးနွေးရရှိထားတဲ့ အချက်အလက်တွေအရ အနည်းဆုံးလုပ်ခလစာ နှုန်းထားကို အနည်းဆုံး ကျပ် ၄ ထောင်ကနေ အများဆုံး ၆၄၀၀ ကြားသတ်မှတ်ပေးဖို့ အဆိုပြုထားကြတာဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာခင်မောင်အေးက လုပ်ငန်းရှင်တွေဘက်က တစ်ရက်လုပ်အားခကို ငွေကျပ် ၄ ထောင်သာ ပေးနိုင်မှာဖြစ်ကြောင်းနဲ့ အဲဒီပမာဏထက် ပိုပေးရမယ်ဆိုရင် လုပ်ငန်းဆက်လက်လည်ပတ်ဖို့ စဉ်းစားရမယ့် အခြေအနေရှိတယ်လို့ ပြောခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးချက်တွေထဲမှာ အနည်းဆုံးအခကြေးငွေ နှုန်းထားအသစ်ကို အစိုးရနဲ့ အလုပ်ရှင်၊ အလုပ်သမားတို့ အကြား ဆွေးနွေးအတည်ပြုပြီးနောက် လွှတ်တော်ထံတင်ပြပြီး အတည်ပြုချက်ယူဖို့ မလိုအပ်ဘူးလို့ အလုပ်သမား ကိုယ်စားလှယ်တွေက ဆွေးနွေးကြပါတယ်။ လုပ်ထုံးလုပ်နည်းအရ ဆွေးနွေးရရှိလာတဲ့ နှုန်းထားတစ်ရပ်ကို လွှတ်တော်ထံတင်ပြပြီး အတည်ပြုချက် ရယူရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org