ကချင်ပြည်နယ် NLD ပါတီဝင်တွေနဲ့ ဦးဝင်းမြင့် တွေ့ဆုံ

ပြည်ထောင်စုရဲ့ အချုပ်အခြာ ရေ၊ မြေ ၊ တောတောင်၊ သယံဇာတ အားလုံးဟာ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း တစ်ခုခုက ပိုင်ဆိုင်တာ မဟုတ်ဘဲ တိုင်းရင်းသားပြည်သူ နိုင်ငံသားအားလုံးက ပိုင်ဆိုင်တာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ၂၀၁၇ ခုနှစ် မတ်လ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းမြင့်က NLD ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် Photo: Kyaw Myo Min/RFA

ပြည်ထောင်စုရဲ့ အချုပ်အခြာ ရေ၊ မြေ၊ တောတောင်၊ သယံဇာတ အားလုံးဟာ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း တစ်ခုခုက ပိုင်ဆိုင်တာ မဟုတ်ဘဲ တိုင်းရင်းသားပြည်သူ နိုင်ငံသားအားလုံးက ပိုင်ဆိုင်တာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ဦးဝင်းမြင့်က ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပါတီကနေရွေးချယ်ခံခဲ့ရတဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ သက်ဆိုင်ရာမဲဆန္ဒနယ်မြေတွေက ပြည်သူတွေနဲ့ ထိတွေဆက်ဆံနေရမှာဖြစ်ပြီး အဲဒီလိုသွားရောက်တဲ့ အခါမှာလည်း သက်ဆိုင်ရာ မြို့ရွာတွေက NLD ပါတီဝင်တွေနဲ့ အပြန်အလှန်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဦးဝင်းမြင့်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌအနေနဲ့ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်က အင်ဂျန်ဒုန် ကချင်နှစ်ခြင်း အသင်းတော် ကယ်ဆယ်ရေး စခန်းကိုသွားရောက်ခဲ့ပြီး စစ်ဘေးဒုက္ခသည်တွေကို ကျပ်သိန်း ၃ ရာ လှူဒါန်းခဲ့သလို ဆန်ရိက္ခာနဲ့ အခြေခံပစ္စည်းတွေလည်း လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ် ကယ်ဆယ်ရေးစခန်းတွေက စစ်ဘေးဒုက္ခသည်တွေ၊ စခန်းတာဝန်ခံတွေနဲ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးအမြန်ဆုံးရအောင် အစိုးရနဲ့ လွှတ်တော်က ကြိုးစားဆောင်ရွက်နေကြောင်း၊ တိုင်းရင်းသားပြည်သူ အားလုံးကလည်း ပြည်ထောင်စု စိတ်ဓါတ်နဲ့ အတူတကွ ဝိုင်းဝန်းကူညီကြိုးစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရနဲ့ လွှတ်တော်သက်တမ်းကာလအတွင်း ပြည်သူ့လွှတ်တော် ဥက္ကဌ တစ်ယောက်အဖြစ် ဦးဝင်းမြင့်ဟာ မြစ်ကြီးနားမြို့ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာဖြစ်ပြီး ချင်း၊ ရှမ်းနဲ့ ရခိုင် ပြည်နယ်တွေကိုလည်း သွားရောက်ဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org