အမေရိကန်သမ္မတဘိုင်ဒင်နဲ့ အာဆီယံခေါင်းဆောင်တွေ မြန်မာ့အရေးဆွေးနွေးမည်
အရှေ့တောင်အာရှ နိုင်ငံခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတရဲ့ အထူးထိပ်သီးဆွေးနွေးပွဲကို ဝါရှင်တန်ဒီစီမှာ ဒီလ ၂၈ ရက်နဲ့ ၂၉ ရက်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်လို့ အိမ်ဖြူတော်က မနေ့က ကြေညာပါတယ်။
- 2022-03-01
-
-
-
အရှေ့တောင်အာရှ နိုင်ငံခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတရဲ့ အထူးထိပ်သီး ဆွေးနွေးပွဲကို ဝါရှင်တန်ဒီစီမှာ ဒီလ ၂၈ ရက်နဲ့ ၂၉ ရက်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်လို့ အိမ်ဖြူတော်က မနေ့က ကြေညာပါတယ်။
သူတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ စစ်အာဏာသိမ်းလိုက်လို့ ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံ ပြဿနာနဲ့ ကပ်ရောဂါ နာလန်ပြန်ထူဖို့၊ ရာသီဥတု ပြောင်းလဲမှု၊ ရင်းနှီးမြှုပ်နှံမှုစတဲ့ ကိစ္စရပ်တွေ ဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က မလေးရှားနိုင်ငံကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ရောက်ခဲ့ချိန်မှာ ပြောထားပါတယ်။
တရုတ်သြဇာ ကြီးမားလာတာ တားဆီးနိုင်အောင် အမေရိကန်က ကြိုးပမ်းမှု တစ်စိတ် တစ်ပိုင်း အနေနဲ့ အရှေ့တောင်အာရှဒေသနဲ့ ပိုမိုဆက်စပ်တာဟာ အရေးပါတယ်လို့ အမေရိကန်က ရှုမြင်ပါတယ်။ ထိပ်သီးဆွေးနွေးပွဲကို ဒီနှစ်အစောပိုင်းမှာ ကျင်းပဖို့ ရည်မှန်းထားခဲ့ပေမယ့် Covid-19 ကပ်ရောဂါကြောင့် နှောင့်နှေးခဲ့တာ ဖြစ်ပါတယ်။