ဒုက္ခသည်တွေအတွက် အလှူငွ လိုအပ်နေ

မြန်မာနိုင်ငံအတွင်း ဒုက္ခသည်တွေကို စားနပ်ရိက္ခာ အကူအညီပေးနေတဲ့ ကုလ သမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP အနေနဲ့ ရခိုင်ဒေသမှာ ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေနောက် ပိုင်း ရွှေ့ပြောင်းခံလူအရေအတွက် တိုးပွားလာတဲ့အတွက် အသုံးစာရိတ်လိုငွေ အမေရိကန်ဒေါ်လာ ၁၉ သန်း အထိ ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့ကနေ စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာသူတွေကို စစ်တွေမြို့ ဓညဝတီအားကစားကွင်းက ရွက်ဖျင်တဲတွေမှာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၂ဝ ရက်နေ့က နေရာချပေးစဉ် Photo: Min Thein Aung/RFA

မြန်မာနိုင်ငံအတွင်း ဒုက္ခသည်တွေကို စားနပ်ရိက္ခာ အကူအညီပေးနေတဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP အနေနဲ့ ရခိုင်ဒေသမှာ ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေနောက်ပိုင်း ရွှေ့ပြောင်းခံလူအရေအတွက် တိုးပွားလာ တဲ့အတွက် အသုံးစာရိတ်လိုငွေ အမေရိကန်ဒေါ်လာ ၁၉ သန်းအထိ ဖြစ်နေပါတယ်။

WFP အနေနဲ့ လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်တွေအတွက် အမေရိကန်၊ သြစတြေးလျနဲ့ ဆွီဒင်နိုင်ငံတွေထံက အမေရိကန်ဒေါ်လာ ၇ သန်းခွဲနီးပါးရရှိထားပါတယ်။

အခြေအနေအရ ဖေဖော်ဝါရီလကုန်အထိ အခြေအနေကောင်းနေပြီး  လာမယ့် ဇွန်လကုန်အထိ ဆက်လက်လည်ပတ်ဖို့ အခြေအနေမရှိလို့ WFP အရာရှိတွေက ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

တကယ်က ခုလို လိုငွေပြရတာဟာ မမျှော်လင့်ဘဲ မောင်းတောမှာ အောက်တိုဘာလအတွင်းကရဲတပ်ဖွဲ့ဝင် ၉ ဦး အသတ်ခံရပြီးနောက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကြောင့်ဖြစ်ပါတယ်။ရွှေ့ပြောင်းခံရသူတွေထဲမှာ ခန့်မှန်းခြေ လူ ၂ သောင်း ၁ ထောင်ဟာ မြန်မာနိုင်ငံအနောက်ဘက် ဘင်္ဂလာဒေ့ရှ်နယ်စပ်အနီးကို အရွှေ့ခံရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org