ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တွေ့ဆုံမှု ဘန်ကီမွန်းကြိုဆို

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ တိုင်းပြည်အတွက် အကျိုး ရှိမယ့် တူညီတဲ့ ဘုံလုပ်ငန်း စဉ်တွေကို ဆွေးနွေးခဲ့ကြပြီး အဲဒီ တွေ့ဆုံပွဲအပေါ် နှစ်ဘက်စလုံးက ကျေနပ်အားရကြ တယ်လို့ ကြားသိ ရတဲ့ အတွက် မိမိ အားတက်မိ တယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က နယးူယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ မနေ့က ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသော ၁၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ပြင်ပတွင် အောက်တိုဘာ ၂၉ ရက်က ပြုလုပ်သည့် အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဝဲ) တက်ရောက်နေပုံ ဖြစ်ပါသည်။ မြန်မာ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်ကို နောက်တွင် မြင်ရပါသည်။ (Photo: AFP) (Photo: AFP)

အဲ့ဒီ ပထမအကြိမ် ဆွေးနွေးမှုကနေ အမျိုးသား ရင်ကြားစေ့ရေးအတွက် နှစ်ဘက် ထိပ်တန်း ခေါင်းဆောင်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲတွေ အဆင့်ကို ရောက်ရှိလာဖို့ မျှော်လင့် ပါတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရှေ့ဆက် တိုးတက်မှုတွေ ဘယ်လောက် ရရှိမလဲ ဆိုတာဟာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ ဘယ်လောက် ပါဝင်လက်တွဲ လုပ်ဆောင် နိုင်ကြမလဲ ဆိုတဲ့ အချက်ပေါ်မှာ မူတည် နေပါတယ်။

ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ညီညွှတ်ရေးရဘို့ အတွက် သက်ဆိုင်သူ အားလုံးက ရရှိတဲ့ အခွင့်အရေးကို လက်လွတ် မခံဘဲ အမိအရ ဆုပ်ကိုင်ကြိုးစားဘို့ လိုပါတယ်လို့ လည်း မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင ်ပြောင်းလဲရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေမှာ မြန်မာနိုင်ငံသား အားလုံး ပါဝင်နိုင်ရေး အတွက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကို ဦးစားပေး ဆောင်ရွက်သင့် တယ်လို့လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က မနေ့က ထပ်မံ တိုက်တွန်း ပြောဆို လိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org