မုန်တိုင်းငယ်ကြောင့် တိုင်းနဲ့ပြည်နယ် ၉ ခု မှာ မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မနက်ဖြန်မှာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုမှာ မိုးကြီးနိုင်ကြောင်း မိုးလေဝသနဲ့ဇလဗေဒ ဒုတိယ ညွှန်ကြားရေးမှူးချုပ် က ပြောပါတယ်။

၂၀၁၈ ခုနှစ်၊ မေလ (၂၈)ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၂:၀၀) နာရီအချိန် ထုတ်ပြန်ချက် ဓါတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မနက်ဖြန်မှာ မုန်တိုင်းငယ် အဖြစ် အားကောင်းလာနိုင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုမှာ မိုးကြီးနိုင်ကြောင်း မိုးလေဝသနဲ့ဇလဗေဒ ဒုတိယ ညွှန်ကြားရေးမှူးချုပ် က ပြောပါတယ်။

အဲဒီမုန်တိုင်းငယ်ဟာ ရခိုင်ကမ်းရိုးတမ်းဘက်ကို ဖြတ်သန်းသွားမှာဖြစ်တဲ့အတွက် မိုးကြီးတာတွေ၊ လေပြင်း တိုက်တာတွေ ဖြစ်နိုင်တာကြောင့် သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

"ရခိုင်ဒေသဘက်မှာတော့ လေပြင်းတိုက်တာတို့၊ မိုးသက်လေပြင်းကျတဲ့အခါမှာတော့ လေပြင်းတိုက်တဲ့ ဖြစ်စဉ်တွေ၊ မိုးသည်းထန်တဲ့ဖြစ်စဉ်တွေ၊ ဒီဟာမျိုးတွေ ဖြစ်နိုင်တယ်ပေါ့နော်။ အားအကောင်းကြီးတော့ မဟုတ်ပေမယ့် ရခိုင်ကို ဝင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရခိုင်ဒေသမှာရှိတဲ့ပြည်သူတွေအနေနဲ့တော့ လေဖိအားနည်းရပ်ဝန်းပေါ့နော်။ အားကောင်းလာရင်တော့ မုန်တိုင်းငယ်အတွက် ဖြစ်ပေါ်လာတဲ့ဘေးအန္တရာယ် ရှောင်ရှားသင့်တာတွေကို ရှောင်ရှားဖို့အတွက်ကို ဆောင်ရွက်ထားသင့်ပါတယ်"

လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်ဖြစ်လာရင်တောင် အားကောင်းလာနိုင်တဲ့ အခြေအနေမရှိဘဲ မုန်တိုင်းငယ် အဆင့်နဲ့သာ ပျက်ပြယ်သွားနိုင်တယ်လို့ ပြောပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ ရခိုင်၊ မကွေး၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း ၊ ကချင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

တောင်ကျချောင်းရေတွေ ရုတ်တရက်ကျလာနိုင်တာ၊ တောင်ပြိုတာတွေဖြစ်နိုင်တာကြောင့် တောင်ပေါ်မှာ နေထိုင်သူတွေ၊ မြေပြန့်မှာ နေထိုင်သူတွေ သတိထားကြဖို့လည်း ပြောပါတယ်။

မြန်မာ့ကမ်းရိုးတမ်းတစ်လျှောက်မှာလည်း လှိုင်းအမြင့်ပေ ၈ ပေ ကနေ ၁၄ ပေအထိ မြင့်နိုင်တာကြောင့် ပင်လယ် ခရီးသွား သင်္ဘောတွေအနေနဲ့ ဂရုစိုက်ကြဖို့ သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org