တယ်လီနောက Wave Money ရှယ်ယာတွေ Yoma ထံ ရောင်းချမည်
နော်ဝေနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ တယ်လီနောဟာ ငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ Wave Money လုပ်ငန်းကို စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ (ခ) Serge Pun ရှယ်ယာ အများဆုံးပိုင်တဲ့ Yoma Strategic Holding ကုမ္ပဏီကို ရောင်းချတော့ မယ်လို့ Nikkei Asia သတင်းဌာနက ရေးထားပါတယ်။
- 2022-01-03
-
-
-
နော်ဝေနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ တယ်လီနောဟာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ Wave Money လုပ်ငန်းကို စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ (ခ) Serge Pun ရှယ်ယာ အများဆုံးပိုင်တဲ့ Yoma Strategic Holding ကုမ္ပဏီကို ရောင်းချတော့ မယ်လို့ Nikkei Asia သတင်းဌာနက ရေးထားပါတယ်။
တယ်လီနောက ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၁၀၄ သန်းနဲ့ ရောင်းချမှာ ဖြစ်ပြီး မကြာခင် ရက်ပိုင်း အပြီးသတ်လုပ်ဆောင်မယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် Yoma Strategic Holdings မှာ ရှယ်ယာအများဆုံးပါဝင်တဲ့ Serge Pun (ခေါ်) ဦးသိမ်းဝေဟာ Yoma Group က ၇၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။
Wave Money ရဲ့ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကိုလည်း Yoma Strategic Holdings မှာပါဝင်တဲ့ အခြား ပုဂ္ဂလိက လုပ်ငန်းတွေကပဲ ပိုင်ဆိုင်ထားပါတယ်။
တယ်လီနောက ပိုင်တဲ့ အဲဒီရှယ်ယာတွေကို လွှဲပြောင်းရယူဖို့ ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်း ကတည်းက သဘောတူညီခဲ့တယ်လို့ ဆိုပေမယ့် တယ်လီနောမြန်မာကတော့ ဈေးကွက် ပေါက်ကြားမှုနဲ့ ကောလာဟလ တွေကို ဖြေဆိုမှာမဟုတ်ကြောင်း ငြင်းဆိုခဲ့တယ်လို့ Nikkei Asia သတင်းဌာနက ဆိုပါတယ်။
တယ်လီနောမြန်မာရဲ့ လုပ်ငန်းတွေကို ဒေါ်လာ ၁၀၅ သန်းနဲ့ အပြီးသတ် ရောင်းချခဲ့တာနဲ့ Wave Money ကို ဒေါ်လာ ၁၀၄ သန်းနဲ့ ရောင်ချမှုကို နှိုင်းယှဉ်ကြည့်ရင် Wave Money ရဲ့ ဈေးနှုန်းဟာ များပြားနေတယ်လို့ ဆယ်သွယ်ရေး အော်ပရေတာတွေရဲ့ အကြီးပိုင်း အရာရှိတွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး Nikkei Asia ကရေးသားထားပါတယ်။
တယ်လီနောမြန်မာဟာ မြန်မာနိုင်ငံက သူတို့ရဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ အားလုံးကို လက်ဘနွန် နိုင်ငံအခြေစိုက် M1 ကုမ္ပဏီထံ ဒေါ်လာ ၁၀၅ သန်းနဲ့ရောင်းချဖို့ သဘောတူခဲ့ကြောင်း ဇူလိုင်လက ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒါဟာ တရားဝင်မဟုတ်တာကြောင့် ပြည်တွင်း လုပ်ငန်းရှင်ကဲ့သို့ အခြား သော လုပ်ငန်းတွေကို ရောင်းချဖို့ ကန့်ကွက်ထားတယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အင်တာနက်နဲ့ ငွေလွှဲမှုထိန်းချုပ် ကန့်သတ်ချက်တွေ ကြောင့် မြန်မာနိုင်ငံမှာ Wave Money အသုံးပြုသူတွေ နည်းပါးသွားပေမယ့် (၁၀) လ နီးပါးအကြာ နိုဝင်ဘာလ ကစပြီး သုံးစွဲသူ ပြန်လည် တိုးတက်လာပါတယ်။
ဒါပေမဲ့ ဒီနေ့အချိန်အထိ ကိုယ်စားလှယ်တွေနဲ့ အသုံးပြုသူတွေအကြားမှာ ရာခိုင်နှုန်း အပိုပေးချေရတာတွေ ငွေလွှဲသူရော ငွေလက်ခံသူပါ ဝန်ဆောင်ခပေးရတာတွေကို ရင်ဆိုင်နေရပါတယ်။