ပျက်စီးသီးနှံတွေအတွက် ဝမ်ပေါင်နဲ့ ဦးပိုင် လျော်ကြေးပေးမည်
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွက် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးတိုးချဲ့ ခတ်ရာမှာပါသွားတဲ့ လယ်မြေဧက ၈ဝဝ မှာ စိုက်ပျိုးထားတဲ့ သီးနှံတွေအတွက် လျော်ကြေးငွေကို ဝမ်ပေါင်ကုမ္ပဏီ နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက် က တောင်သူတွေထံ ပေးအပ်သွားမှာဖြစ်တယ်လို့ စစ်ကိုင်း တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက ပြောပါတယ်။
-
2015-01-02 -
-
-
Your browser doesn’t support HTML5 audio
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုးတိုးချဲ့ခတ်ရာမှာပါ သွားတဲ့ လယ်မြေဧက ၈ဝဝ မှာ စိုက်ပျိုးထားတဲ့ သီးနှံတွေအတွက် လျော်ကြေးငွေကို ဝမ်ပေါင်ကုမ္ပဏီ နဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်က တောင် သူတွေထံ ပေးအပ် သွားမှာဖြစ်တယ်လို့ စစ်ကိုင်း တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးစောမြင့်ဦးက ပြောပါတယ်။
ခြံစည်းရိုးခတ်တဲ့အထဲမှာပါတဲ့ လယ်မြေဧက ၂ဝဝဝ ကျော်ထဲက သီးနှံမရိတ်သိမ်းရသေးတဲ့ လယ်မြေ ဧက ၈ဝဝ အတွက် လျော်ကြေးပေးမှာဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစောမြင့်ဦးက ပြောပါတယ်။
"ဧက ၂ဝဝဝ ကျော်ဆိုတာ ဒီအထဲမှာခြံခတ်တဲ့ ဧရိယာထဲမှာ စိုက်ဧရိယာကိုပြောတာလေ၊ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေရော ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေ သူတို့ပါတယ် ကွင်းဆင်းတဲ့အခါကျတော့၊ သူတို့ကတဆင့်တော့ ပြောတော့ပြောခိုင်းထား တယ်၊ ပေးမယ်ဆိုတဲ့အကြောင်း လက်ရှိခြံထဲမှာရှိတဲ့ စိုက်ထားတဲ့သီးနှံကို ပြောပါတယ်၊ အတိုင်းအတာ နဲ့ပေါ့ ၇ဝဝ ကျော် ၈ဝဝ လောက်တော့ရှိလောက်တယ်၊ ကျန်တဲ့သီးနှံတွေပေါ်မှာ ကျနော်တို့က အဲ့လိုမျိုးဆောင်ရွက်ပေးဖို့ စီစဉ်နေတာ"
ပြီးခဲ့တဲ့ ၅နှစ်အတွင်း သီးနှံပေါက်ဈေး အမြင့်ဆုံးကိုလျော်ကြေးအဖြစ် ပေးအပ်သွားမှာဖြစ်ပြီး သီးနှံတွေကို ဝမ်ပေါင်ကုမ္ပဏီကသာ ရိတ်သိမ်းသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
စီမံကိန်းဧရိယာအဖြစ် ခြံစည်းရိုးခတ်ရာမှာ တုံရွာ၊ ဆည်တည်းနဲ့ မိုးကြိုးပြင်အလယ်ရွာက လယ်မြေတွေ ပါဝင်သွားပြီး အဲ့ဒီ ဧက ၂ဝဝဝ ကျော်ထဲက သီးနှံရိတ်သိမ်းပြီးတဲ့ မြေတွေအတွက် လျော်ကြေးပေးမှာမဟုတ်ဘဲ မရိတ်သိမ်းရသေး တဲ့ မြေဧကအတွက်သာ လျော်ကြေးပေးအပ်မှာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖဲ့ွနဲ့ ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင် ကုမ္ပဏီတို့ သီးနှံလျော်ကြေးပေးအပ်ဖို့အတွက် တွေ့ဆုံညှိနှိုင်းပြီး သဘောတူညီခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ လက်ပံတောင်းဒေသခံ မဝင်းဝင်းဌေးကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။