၂ဝ၁၄ ခုနစ် သန်းခေါင်စာရင်းကို "ဝ" မှာပါ ကောက်ယူမည်

၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ အစိုးရရုံးတွေ သွားရောက်ဖွင့်လှစ်နိုင်ခြင်း မရှိသေးတဲ့ "ဝ" အထူးဒေသအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေစာရင်းကို ကောက်ယူသွားဖို့ ရှိနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးခင်ရီက RFA ကိုပြောကြားလိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင် ၁ ရက် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ရှင်းလင်းပြောဆိုနေစဉ်။ RFA

၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ အစိုးရရုံးတွေ သွားရောက်ဖွင့်လှစ်နိုင်ခြင်း မရှိသေးတဲ့  "ဝ" အထူးဒေသအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေစာရင်းကို ကောက်ယူသွားဖို့ ရှိနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးခင်ရီက RFA ကိုပြောကြားလိုက်ပါတယ်။

"ဝ" ဒေသတင်မကပါဘူး၊ ကျွန်တော်က စောစောက ပြောသလို  သန်းခေါင်းစာရင်းက တစ်နိုင်ငံလုံး ကောက်မှာ၊ မတ်လ ၁၀ ရက်နေ့ကနေ ဧပြီ ၁၀ ရက်နေ့အထိ၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန်သည် မတ်လ ၂၉ ရက်နေ့ည၊ အဲဒီအချိန်မှာပါတဲ့ လူတွေအကုန်လုံး သန်းခေါင်စာရင်းမှာပါမှာ"

ဒါ့အပြင် ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ မြန်မာတိုင်းရင်းသားတွေလည်း ဒီတကြိမ် သန်းခေါင်စာရင်းကောက်ယူမှုမှာ ထည့်သွင်းကောက်ယူသွားမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org