ရွှေသံလွင်ကုမ္ပဏီ မြေလျော်ကြေး ရွာငံတောင်သူအများစု လက်မခံ

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် အတွင်းမှာ သိမ်းဆည်းခံထားရတဲ့ မြေဧက ၁၃၀၀ ကျော်အတွက် ရွှေသံလွင်ကုမ္ပဏီ က လျော်ကြေးငွေထုတ်ပေးမှာကို တောင်သူ ၂ဝဝ ကျော်က လက်မခံကြဘူးလို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းမှာ သိမ်းဆည်းခံထားရတဲ့ မြေဧက ၁၃၀၀ ကျော်အတွက် ရွှေသံလွင် ကုမ္ပဏီက လျော်ကြေးငွေထုတ်ပေးမှာကို တောင်သူ ၂ဝဝ ကျော်က လက်မခံကြဘူးလို့ သိရပါတယ်။

မြေဧက ၁၃ဝဝ ကျော်ကို ပိုင်ဆိုင်တဲ့ တောင်သူ ၃၀၀ ကျော်ထဲက ၂ဝဝ လောက်က လျော်ကြေးငွေမယူလိုပဲ မြေကို သာ ပြန်လည်ရယူလိုတာဖြစ်တယ်လို့ မြေအသိမ်းခံထားရသူတွေထဲက နွားဘန်းကြီးကျေးရွာသား တောင်သူ ကိုသက်ဦးက ပြောပါတယ်။

"ဦးရေက ကျနော်တို့ နွားဘန်းနဲ့ပြောမယ်ဆိုလို့ရှိရင် ၁ဝဝ လောက်ပဲရှိမယ်၊ ယူမယ့်လူ မပေးသေးဘူး၊ ကျနော်တို့ အများစုက ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့မြေပဲ ကျနော်တို့ ပြန်ရတာ၊ အခုကုမ္ပဏီက လုပ်နေတဲ့ပုံစံက ကျန်တဲ့လူ ဘာမှနားမလည်တဲ့ပုံစံမျိုးပေါ့၊ ညှိနှိုင်းတာဆောင်ရွက်ထားတာ မရှိဘူးလေဗျာ၊ မြေကိုပြန်မပေးနိုင်ဘူး သူတို့ လုပ်နေတာလေ၊ ငွေဆိုငွေပဲ ပေးမယ်ဆိုတဲ့ ပုံစံမျိုးလုပ်နေတာလေ၊ သူတို့ဆီကို ကျနော်တို့ မြေသမားတွေ ဝင်ခွင့်ကိုမရှိတာက အတော်ခက်တာ၊ လျော်ကြေးဆိုပေးမှ သူတို့နားကို ဝင်လို့ရတာ"

သိမ်းဆည်းခံထားရတဲ့ မြေဧက ၁၃၀၀ ကျော်အတွက် ရွှေသံလွင်ကုမ္ပဏီက လျော်ကြေးငွေအဖြစ် တစ်ဧကကို ကျပ် ၁၀ သိန်းနှုန်းနဲ့ တောင်သူတွေထံ ပေးအပ်မှာဖြစ်ကြောင်းနဲ့ လျော်ကြေးငွေထုတ်ယူမယ့် တောင်သူတွေအနေနဲ့ ကုမ္ပဏီရုံးခန်းမှာ လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေးကြေညာထားတယ်လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။

ရွာငံမြိုနယ် နွားဘန်းကြီး၊ တောင်ခေါင်းဖွာ၊ ကသစ်၊ ရွာမ၊ ညောင်ကုန်း၊ ညောင်အိုင်၊ လက်ပံပင်၊ ရေချမ်းသာ ကုန်း စတဲ့ ကျေးရွာ ၁၃ ရွာက မြေဧက ၁၃၀၀ ကျော်ကို လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က တပ်မ ၅၅ က သိမ်းဆည်းခဲ့တာဖြစ် ပါတယ်။

အဲ့ဒီနောက် ၁၉၉၉ ခုနှစ်မှာ ရွှေသံလွင်ကုမ္ပဏီထံ လုပ်ပိုင်ခွင့်လွဲှပြောင်းပေးခဲ့ရာ ကုမ္ပဏီက သရက်နဲ့ ဂေါ်ဖီ ပန်းပွင့်စိမ်းတို့ကို စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org