နိုင်ငံတော် လျှို့ဝှက်ချက် လွှတ်တော်မှာ မမေးဖို့ ပြည်သူ့ လွှတ်တော်ဥက္ကဌပြော

နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ က လွှတ်တော်အစည်းအဝေးတွေမှာ မေးမြန်းဆွေးနွေး တာတွေကို ရှောင်ကြဉ်ရမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က ပြောကြားလိုက်ပါတယ်။

မြစ်ကြီးနားမြို့က ကချင်ပြည်နယ်လွှတ်တော်မှာ ၂၀၁၇ ခုနှစ် မတ်လ ၂၄ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ် Photo: Kyaw Myo Min/RFA

နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သက်တဲ့ကိစ္စတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အစည်း အဝေးတွေမှာ မေးမြန်းဆွေးနွေးတာတွေကို ရှောင်ကြဉ်ရမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က ပြောကြားလိုက်ပါတယ်။

မြစ်ကြီးနားမြို့ ကချင်ပြည်နယ် လွှတ်တော်ရုံးမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ညနေပိုင်းတွေ့ဆုံပွဲ မှာ မေးခွန်းနဲ့ အဆိုတွေ မေးမြန်းဆွေးနွေးတဲ့အခါ လိုက်နာစောင့်ထိန်းရမယ့်အချက်တွေကိုပြောရာမှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စု၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေရဲ့ ဝန်ထမ်းရေးရာနဲ့ ပတ်သက်တဲ့ ရုံးအဖွဲ့တွေကို မကြာမီမှာ သီးသန့်ဖွဲ့စည်းပြီး စီမံအုပ်ချုပ်ဆောင်ရွက်သွားဖို့ စီစဉ်နေကြာင်းလည်းပြောပါတယ်။

ပြောင်းလဲရေးအတွက် အပြောင်းအလဲကို ဆောင်ရွက်တဲ့အခါမှာ မိမိတို့ကိုယ်တိုင် အရင်ဆုံး စတင်ပြောင်း လဲရမှာဖြစ်ကြောင်းနဲ့ အဂတိတရား ကင်းရှင်းတဲ့သူတွေဖြစ်အောင် နေထိုင်ကျင့်ကြံဖို့လည်း တိုက်တွန်းပြော ကြားခဲ့ပါတယ်။

ဒီကနေ့ အခမ်းအနားကို ဗန်းမော်မြို့နယ်ကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့  ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင် ၊ မြစ်ကြီးနားမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် တို့အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက် ခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟာ သူ့ရဲ့ခရီးစဉ်အတွင်း မနက်ဖြန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ နဲ့ တွေ့ဆုံဖို့ စီစဉ်ထားသလို စစ်ဘေးကယ်ဆယ်ရေးစခန်းတချို့ကိုလည်း သွားရောက်ဖို့ အစီအစဉ်ရှိကြောင်း သတင်းရရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org