ဒီမိုကရေစီစနစ် အခိုင်အမာ တည်ဆောက်မည်
သမ္မတ ဦးသိန်းစိန်လက်ထက် မှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအုတ်မြစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် ဖော်ဆောင်သွားဖို့ သံဓိဌာန်ချထား တယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ အသိပေးပြောကြားလိုက်ပါတယ်။
-
2013-06-29 -
-
-
သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအုတ်မြစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် ဖော်ဆောင်သွားဖို့ သံဓိဌာန်ချထားတယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ အသိပေးပြောကြားလိုက်ပါတယ်။
ဒီကနေ့ နေပြည်တော် စက်မှုဝန်ကြီးဌာနမှာကျင်းပတဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အခုလို ပြောပါတယ်။
"ပထမဆုံး ဒီမိုကရေစီအစိုးရဖြစ်တဲ့ ဒီအစိုးရဟာ ပြုပြင်စရာတွေ အများကြီးပြုပြင်ရင်းနဲ့ပဲ သူက ၅ နှစ်တာ သက်တမ်းပြီးဆုံးမှာ၊ နောက်အစိုးရလောက်ကျမှ အပေါ်မှာတက်လာမှာ၊ သို့သော်လည်းပဲ ဒီအစိုးရဟာ ဒီမိုကရေစီ ဖောင်ဒေးရှင်း ခိုင်ခိုင်မာမာဖြစ်အောင်ခင်းသွားမှာပါ"
ပြန်ကြားဝန်ကြီးဌာန ဒုတိယဝန်ကြီး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း ဒီနိုင်ငံမှာ စိန်ခေါ်မှုတွေ အများကြီးရှိတဲ့အတွက် အစိုးရတစ်ခုတည်း မဟုတ်ဘဲ သတင်းမီဒီယာတွေအပါအဝင် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ အားလုံးကလည်း ပဋိပက္ခတွေ မဖြစ်ပွားအောင် ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ အများကြီးလိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ သတင်းမီဒီယာတွေ တွေ့ဆုံပွဲမှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အပါအဝင် ဦးဌေးအောင်၊ ဦးခင်ရီ၊ ဦးရဲထွဋ်၊ ဒေါက်တာပွင့်ဆန်းစတဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။