ဦးစိန္တိတ ပုဒ်မ ၆၆(ဃ) နဲ့ ထပ်မံအမှုဖွင့်ခံရ

ရွှေဝါရောင် ဆရာတော်တစ်ပါးဖြစ်တဲ့ မန္တလေးမြို့ မလိခဝါဆိုကျောင်းတိုက်က ဆရာတော် ဦးစိန္တိတရဲ့ လူမှုကွန်ရက်မှာ ရေးသားချက်တွေက တပ်မတော် ဂုဏ်သိက္ခာကို ကျဆင်းစေတယ်ဆိုပြီး ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးက ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ ဒုတိယအကြိမ်မြောက် တရားလိုလုပ်ပြီး ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ စက်တင်ဘာ ၅ ရက်နေ့က အမှုဖွင့်ခဲ့ပါတယ်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တရားရုံးကို တွေ့ရစဉ် Photo: Khaymani Win/RFA

ရွှေဝါရောင် ဆရာတော်တစ်ပါးဖြစ်တဲ့ မန္တလေးမြို့ မလိခဝါဆိုကျောင်းတိုက်က ဆရာတော် ဦးစိန္တိတရဲ့ လူမှုကွန်ရက်မှာ ရေးသားချက်တွေက တပ်မတော် ဂုဏ်သိက္ခာကို ကျဆင်းစေတယ်ဆိုပြီး ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးက ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ ဒုတိယအကြိမ်မြောက် တရားလိုလုပ်ပြီး ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ စက်တင်ဘာ ၅ ရက်နေ့က အမှုဖွင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း တရားရုံးကို အလားတူ ပုဒ်မနဲ့ ဦးတိုက်လျှောက်ထားခဲ့ပေမယ့် အချက်လက် မပြည့်စုံတာကြောင့်ဆိုပြီး တရားရုံးက ဇူလိုင်လ ၂၃ ရက်နေ့မှာ အမှုကို ပလပ်ခဲ့တာပါ။

နောက်တစ်ကြိမ် အမှုဖွင့်ခံရတာနဲ့ ပတ်သက်ပြီး ဆရာတာ် ဦးစိန္တိတက - တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းအောင် မလုပ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းတွေကို  တပ်မတော်က စိတ်စေတနာသန့်သန့်နဲ့ အကောင်အထည်ဖော်နိုင်ရေးအတွက်  ဖြစ်စေချင်တာတွေ ရေးသားတာကို တပ်မတော်က လက်မခံနိုင်ဘဲ တရားစွဲတာဖြစ်ကြောင်း RFA ကို မိန့်ပါတယ်။

အမှုဖွင့်ထားတာနဲ့ ပတ်သက်ပြီး ဆရာတော်ကိုတော့ အခုအချိန်အထိ ရဲစခန်းက အကြောင်းကြားလာတာ မရှိသေးပါဘူး။

ဒါနဲ့ပတ်သက်ပြီး ပြည်ကြီးတံခွန် မြို့မရဲစခန်းကတော့ အမှုဖွင့်ထားတာ မှန်ကန်ကြောင်း မနေ့က သတင်းမီဒီယာတချို့ကို အတည်ပြုပေးခဲ့ပါတယ်။ RFA က ဒီနေ့ ဆက်သွယ်မေးမြန်းရာမှာတော့ ရုံးဖွင့်ရက်ရောက်မှသာ လာရောက်မေးမြန်းဖို့ ဖြေကြားခဲ့ပါတယ်။

ဆရာတော် ဦးစိန္တိတဟာ  ရွှေဝါရောင်လှုပ်ရှားမှုလို့ ထင်ရှားတဲ့ ၂၀၀၇ ခုနှစ်က သံဃာတော်များ ဦးဆောင်တဲ့ လှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

မန္တလေးမှာ တပ်မတော်က တရားစွဲထားတဲ့ ရဟန်းတစ်ပါး ရှိပါသေးတယ်။ သူကတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့  ဘဝအလင်းဆရာတော် ဦးသောဘိတ ဖြစ်ပါတယ်။

ဆရာတော်နှစ်ပါးလုံးရဲ့ အမှုအတွက် တရားရုံးမှာ လိုက်ပါအကျိုးဆောင်ပေးတဲ့ ရှေ့နေကတော့ ဒေါ်ရွက်နုအောင် ဖြစ်ပါတယ်။

(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org