၀န်ကြီးဟောင်း ဦးဆန်းဆင့်အတွက် ကျန်းမာရေးအာမခံ တောင်းဆို

ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှု ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးဆန်းဆင့်ဟာ ကျန်းမာရေးမကောင်းတာကြောင့် အာမ ခံပေးဖို့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒီနေ့ တင်ပြခဲ့ပါတယ်။

နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဇူလိုင်လ ၃ ရက်နေ့က သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ရုံးထုတ်လာစဉ် Photo: Myo Thant Khaing/RFA

ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးဆန်းဆင့်ဟာ ကျန်းမာရေးမကောင်းတာကြောင့် အာမခံပေးဖို့ မန္တလေးတိုင်းဒေသကြီး တရား လွှတ်တော်မှာ ဒီနေ့ တင်ပြခဲ့ပါတယ်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့်အတွက် ကျန်းမာရေး အာမခံပေးဖို့ တင်ပြခဲ့တာနဲ့ပတ်သက်ပြီး ရှေ့နေ ဦးတင်ထွန်းက သူ့ရဲတင်သွင်းချက်ကို အခုလိုပြော ပါတယ်။

"ဒက္ခိဏတရားရုံးမှာ ကျနော်တို့က အာမခံလျှောက်တယ်၊ အဲ့ဒီအာမခံလျှောက် တာကို ပယ်လိုက်တဲ့အတွက် မန္တလေးတိုင်းဒေသ ကြီး တရားလွှတ်တော်မှာ စပြီးတော့တင်တာ အာမခံ ထပ်လျှောက်တယ်၊ ကျန်းမာရေးကို အကြောင်းပြပြီးလျှောက်တာ အခု ကျနော်တို့ တင်ပြီးပြန်လာခဲ့ပြီ သူကမကောင်းဘူးဖြစ်နေတယ်၊ မမာမကျန်းဖြစ်တယ်လို့ အဲ့ဒါကိုတော့ ကျနော်တို့ အာမခံ ပြောပေးရတယ် ၊ သူ့ရောဂါက နှလုံး၊ သွေးတိုးစုံနေတာပဲ၊ အတွင်းအနေအထားက ဘယ် လိုဖြစ်နေလဲဆိုတော့ ကျနော်တို့က မပြောနိုင်ဘူး"

ဦးဆန်းဆင့်ဟာ ရမည်းသင်းအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပြီး သွေးတိုး၊ နှလုံး၊ မျက်စိ၊ ကျီးပေါင်း စတဲ့ ရောဂါတွေ ခံစားနေရတာဖြစ်ပါတယ်။ ဒီလ ၁၀ရက်နေ့က နှလုံးရောဂါပြင်းထန်လာတဲ့အတွက် မန္တလေးတိုင်းဒေသကြီးဆေးရုံက အထူးကုဆရာဝန် ၂ ဦးက ကုသပေးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က ဒက္ခိဏသီရိခရိုင်တရားရုံးမှာ ကျန်းမာရေးအာမခံရရှိရေး တင်ပြခဲ့ပေမဲ့ တရားရုံးက ပယ်ချခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org