မြန်မာတွေအတွက် ယာယီနေထိုင်ခွင့် TPS သက်တမ်း တစ်နှစ်ခွဲထပ်တိုး

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို TPS လို့ခေါ်တဲ့ ယာယီနေထိုင်ခွင့်ပြုတဲ့ကာလကို နောက်ထပ် တစ်နှစ်ခွဲထပ်တိုးလိုက်တယ်လို့ အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဌာနက မတ်လ ၂၂ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

စစ်အကောင်စီအပေါ် ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ဖို့ အမေရိကန်ရောက် မြန်မာများ ဝါရှင်တန်ဒီစီမြို့တွင် ဆန္ဒပြနေကြသည်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။ RFA

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို TPS လို့ခေါ်တဲ့ ယာယီနေထိုင်ခွင့်ပြုတဲ့ကာလကို နောက်ထပ် တစ်နှစ်ခွဲထပ်တိုးလိုက်တယ်လို့ အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဌာနက မတ်လ ၂၂ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

၂ဝ၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ သိသိသာသာ မြင့်မားနေသလို လူတစ်ဦးချင်းစီ ဘေးကင်းစွာ နေရပ်ပြန်နိုင်တဲ့ အခြေအနေမရှိတာကြောင့် အခုလိုသက်တမ်းတိုးလိုက်တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်အရ လက်ရှိ TPS အကာအကွယ်ရထားတဲ့ မြန်မာနိုင်ငံသား ခန့်မှန်း ၂,၃၀၀ လောက်ဟာ ၂ဝ၂၅ ခုနှစ် နိုဝင်ဘာလ ၂၅ရက်နေ့အထိ တရားဝင်နေထိုင်ခွင့်ရမှာဖြစ်ပြီး နောက်ထပ် ၇,၃၀၀ လောက်လည်း ဒီနေထိုင်ခွင့် လျှောက်ထားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ကို အမေရိကန်အစိုးရက ၂ဝ၂၁ ခုနစ် မေလ မှာ စတင်ခဲ့ရာကနေ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှာ တစ်နှစ်ခွဲသက်တမ်းတိုးခဲ့ပြီး ဒါကတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org