ရိုဟင်ဂျာအမည်သုံးစွဲမှု အမေရိကန်သံရုံးရှေ့ ရာနဲ့ချီ ဆန္ဒပြ

အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ကြေညာ ချက်မှာ ရိုဟင်ဂျာလို့ သုံးနှုန်းခဲ့တဲ့ အတွက်ကြောင့် မျိုးချစ်ရဟန်းတော်များ သမဂ္ဂနဲ့ လူပုဂ္ဂိုလ် ၃၀၀ နီးပါးလောက်ဟာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အမေရိကန်သံရုံးရှေ့မှာ ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ကြေညာချက်မှာ ရိုဟင်ဂျာလို့ သုံးနှုန်းခဲ့တာကြောင့် မျိုးချစ်ရဟန်းတော်များသမဂ္ဂနဲ့ လူ ၃၀၀ နီးပါးဟာ ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့မှာ ဧပြီလ ၂၈ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ် Photo: Kyaw Zaw Win/RFA

အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ကြေညာချက်မှာ ရိုဟင်ဂျာလို့ သုံးနှုန်းခဲ့တဲ့အတွက်ကြောင့် မျိုးချစ် ရဟန်းတော်များသမဂ္ဂ နဲ့ လူပုဂ္ဂိုလ် ၃၀၀ နီးပါးလောက်ဟာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အမေရိကန်သံရုံးရှေ့မှာ ဒီကနေ့ ကန့် ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သံရုံးထုတ်ပြန်ချက်မှာပါတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မကျေနပ်လို့ လာရောက်ဆန္ဒပြကြတာလို့ မကွေးကျောင်း တိုက် ဆရာတော် ဦးပါမောက္ခက မိန့်ပါတယ်။

"အမေရိကန်သံရုံးက ဝမ်းနည်းကြောင်း ကြေညာချက်မှာ ဘင်္ဂလီလို့ သုံးစွဲရမည့်အစား ရိုဟင်ဂျာလို့ သုံးစွဲတဲ့ အပေါ်မှာ တိုင်းရင်းသား ပြည်သူများကနေပြီး မကျေနပ်တဲ့အတွက် အခုလိုလာပြီးတော့ ဆန္ဒပြရခြင်းဖြစ်ပါတယ်၊ အမေရိကန်အနေနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်လည်ပြီးလေ့လာသင့်တယ်၊ တိုင်းရင်းသား ၁၃၅ မျိုးမှာ မပါဝင်ကြောင်းကို ပြန်ပြီးတော့လေ့လာသင့်တယ်"

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့နား သဲချောင်းဒုက္ခသည်စခန်းအနီးမှာ လှေမှောက်ခဲ့တဲ့ အတွက် သေဆုံးသွားသူ ရိုဟင်ဂျာတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ ရခိုင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေးရသူတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း အမေရိကန်သံရုံးက ဧပြီလ ၂၀ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြခွင့်ကို ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းမှာ ခွင့်ပြုပေးခဲ့ပေမယ့် ရန်ကုန်တက္ကသိုလ်အနီးကနေ အမေရိကန်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး သံရုံးရှေ့မှာ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေက ကန့်ကွက်ကြောင်း ဟောပြောခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org