ကချင်၊ ရှမ်းနဲ့ ကရင်ဒေသ တိုက်ပွဲတွေအပေါ် စိုးရိမ်ကြောင်း အမေရိကန်သံရုံး ပြောကြား

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်း ပြည်သူတွေထောင်နဲ့ချီပြီး အိုးအိမ်တွေ စွန့်ခွာထွက်ပြေးစေရအောင် ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေအပေါ် လွန်စွာစိုးရိမ်မကင်းဖြစ် မိကြောင်း၊ ရန်ကုန်မြို့ အမေရိကန်သံရုံးက ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ တနိုင်းမြို့နယ်က ရွာသားတွေကို တွေ့ရစဉ် Photo: Hkun Awng Nlam Facebook

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်း ပြည်သူတွေထောင်နဲ့ချီပြီး အိုးအိမ်တွေ စွန့်ခွာထွက်ပြေးစေ ရအောင် ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေအပေါ် လွန်စွာစိုးရိမ်မကင်းဖြစ်မိကြောင်း၊  ရန်ကုန်မြို့ အမေရိကန်သံရုံးက ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ထောင်နှင့်ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့အတွက်လည်း စိုးရိမ်ပြီး၊ တိုက်ပွဲတွေရပ်တန့်ရေးအတွက် ပါဝင်ပတ်သက်သူအားလုံးကို တိုက်တွန်းလိုကြောင်း ဖော်ပြထားပါတယ်။

ဒါ့ပြင် အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ ပဋိပက္ခကြောင့် ဒုက္ခရောက်ရသူတွေအတွက် လူသားချင်းစာနာမှု အကူအညီများ ပို့ဆောင်ပေးနိုင်ရန် ခွင့်ပြုပေးရေးတို့အတွက်လည်း တပ်မတော်အပါအဝင် အစိုးရကို မိမိတို့ မေတ္တာရပ်ခံကြောင်း အဲဒီကြေညာချက်မှာ ရေးသားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org