နယ်ခြားလုံခြုံရေးမေးခွန်း အတွက် ဒေါက်တာအေးမောင် ကို ခေါ်ယူဆွေးနွေး

ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးအတွက် အစိုးရအနေနဲ့ ပြည့်စုံတဲ့ နယ်ခြားလုံခြုံရေး ဆိုင်ရာ ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ဒီနေ့ အမျိုးသားလွှတ်တော်မှာ ဒေါက် တာအေးမောင် မမေးမြန်းခင်မှာ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံ ဆက် ဆံရေးထိခိုက်စေမယ့် အသုံးအနှုန်းတွေ မပါအောင်မေးမြန်း ဖို့ အစည်းအဝေးမစခင် ခေါ်ယူဆွေးနွေး ခဲ့ပါတယ်။

လွှတ်တော်အမတ် ဒေါက်တာအေးမောင်ပုံ

ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးအတွက် အစိုးရအနေ နဲ့ ပြည့်စုံတဲ့ နယ်ခြားလုံခြုံရေးဆိုင်ရာ ဥပဒေ တစ်ရပ် ရေးဆွဲပြဌာန်းဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ဒီနေ့ အမျိုးသားလွှတ်တော်မှာ ဒေါက်တာအေးမောင် မမေးမြန်းခင်မှာ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်စေမယ့် အသုံးအနှုန်းတွေ မပါအောင် မေးမြန်းဖို့ အစည်းအဝေးမစခင် ခေါ် ယူဆွေးနွေးခဲ့ပါတယ်။

ဒေါက်တာအေးမောင်က အမျိုးသားလွှတ်တော် ဥက္ကဌရဲ့ အကြံပြုချက်အတိုင်း နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတယ့် အသုံးအနှုန်းတွေကိုရှောင်ပြီး မေးမြန်း ခဲ့တယ်လို့ ပြောပါတယ်။

ဒေါက်တာအေးမောင်က ရခိုင်ပြည်နယ် လုံခြုံရေးအတွက် ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးမယ့်အခြေအနေ၊ ကျေးရွာပြည်သူ့စစ်နဲ့ နယ်မြေလုံခြုံရေးဆောင်ရွက်မယ့် အစီအမံတွေနဲ့ နယ်ခြားလုံခြုံရေးဆိုင်ရာ ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းဖို့ အစီအစဉ်ရှိ၊ မရှိ ဒီနေ့ မေးမြန်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီမေးခွန်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက နယ်စပ်ဒေသအားလုံးအတွက် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အပြည့်အ၀ တာဝန်ယူဆောင်ရွက်နိုင်မယ့် မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဥပဒေကို ပြဌာန်းနိုင်ဖို့ ဥပဒေကြမ်းရေးဆွဲရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးထားကြောင်း ဖြေကြားခဲ့ပါတယ်။

ဒေါက်တာအေးမောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org