အစိုးရစီမံကိန်းတွေ အရည်အသွေးညံ့ဖျင်းရင် တင်ပြဖို့ လွှွတ်တော်ဥက္ကဌ ညွှန်ကြား

အစိုးရဘတ်ဂျက်ငွေကြေး နဲ့ ဆောက်လုပ်နေတဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ အဆောက် အဦးတွေနဲ့ လမ်းတံတားတွေမှာ အရည်အသွေး မပြည့်မီတာတွေတွေ့ရှိရင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အချက်အလက်တွေပေးပို့ကြဖို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီနေ့ ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပုံ

အစိုးရဘတ်ဂျက်ငွေကြေးနဲ့ ဆောက်လုပ်နေတဲ့ ဆေးရုံ ၊ ဆေးခန်း၊ စာသင်ကျောင်း၊ အဆောက်အဦးတွေနဲ့ လမ်းတံတားတွေမှာ အရည်အသွေး မပြည့်မီ တာတွေတွေ့ရှိရင် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တွေအနေနဲ့ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အချက်အလက်တွေပေးပို့ကြဖို့  အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီနေ့ ညွှန်ကြားချက်ထုတ်ခဲ့ ပါတယ်။

အဲ့ဒီညွှန်ကြားချက် ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက အခုလိုပြောပါတယ်။

"ဆီးသီးဗန်းမှောက်တဲ့ကိစ္စက ဘာလဲဆိုတော့ လွှတ်တော်ဥက္ကဌကြီးက ကန်ထရိုက်ကို ရည်ရွယ်တာ၊ ဒါပေမဲ့ အဲ့ဒါကို ဦးရဲထွဋ်တို့က နာသွားတယ်ထင်တယ်၊ ဒါကြီးကို ခဏခဏပြောတယ်၊ စာအုပ်ငှားပြီး ပြန်မပေးတာတွေရောဘာတွေရော မဆိုင်တာတွေ ထည့်ပြော တယ်၊ ငယ်ကျိုးငယ်နာတွေ ပြောမယ်ဆိုရင် အများကြီးပေါ့နော်၊ ဒါတွေက ဒီအချိန် ပြောရမယ့်အချိန် မဟုတ် ဘူးလေ၊ ဆီးသီးဗန်းမှောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီလိုဒီလိုပဲ ပြောတဲ့အခါကျတော့ လွှတ်တော်ဥက္ကဌကြီးက ကျနော်တို့ကို စာတွေပေးတယ်၊ ကိုယ့်နယ်မြေမှာဆင်းပါ၊ ကန်ထရိုက်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မကျေနပ် တာတွေ့ရင် ဓါတ်ပုံရိုက်ပြီး အထောက်အထားနဲ့တင် အစိုးရအပေါ် သဝဏ်လွှာပို့၊ ဒီလိုပဲချတော့မယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တယ်ထင်တယ်၊ ပိုကောင်းတာပေါ့နော်"

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ တင်ပြတဲ့ အထောက်အထားတွေကို နိုင်ငံတော်သမ္မတထံ တိုက်ရိုက်ပေးပို့သွားမှာ ဖြစ်ကြောင်းလည်း ညွှန်ကြားချက်မှာ ပါရှိပါတယ်။

အဲ့ဒီညွှန်ကြားချက်ကို ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေး မစတင်ခင် လွှတ်တော်ကိုယ်စားလှယ်ထံ ဖြန့်ဝေခဲ့ တာဖြစ်ပြီး ပြည်သူ့လွှတ်တော်မှာတော့ ဖြန့်ဝေတာမရှိကြောင်း သိရပါတယ်။

ဒီအကြောင်း အပြည့်အစုံကို RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org