ကချင်ဒုက္ခသည်ထံ ကုလ အကူအညီ ရောက်ပြီ
ကုလသမဂ္ဂလက်အောက်ခံ UNICEF ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ ဟာ (KIA) ကချင်လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်ရာ တရုတ် မြန်မာနယ်စပ် လိုင်ဇာမြို့က စစ်ပြေးဒုက္ခသည်တွေကို မနေ့က ပထမဆုံးအကြိမ် အကူအညီပေးနေပြီလို့ ရန်ကုန် ကုလသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။
-
2011-12-13 -
-
-
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။
RFA
“အဖွဲ့က မနေ့က ရောက်သွားတယ်လို့ သိပါတယ်။ ဒီဟာကတော့ တောက်လျှောက် သက်ဆိုင်ရာအဖွဲ့တွေ အားလုံးနဲ့ ဆွေးနွေးနေတာ ရှိခဲ့ပါတယ်။ ဒါတွေလည်း အခု စပြီးတော့ အကောင်အထည် ဖော်တာပေါ့လေ။ နောက်လည်း ဆက်ပြီးတော့ အခြေအနေ လိုအပ်သရွေ့ ကျနော်တို့ ဆက်ပြီး ပို့နိုင်ဖို့လည်း မျှော်လင့်ပါတယ်။ အရင်တုန်းကတော့ တခြား လက်လှမ်းမီတဲ့ နေရာတွေပေါ့။ လိုင်ဇာကတော့ ဒါ ပထမဦးဆုံး အကြိမ်ပါပဲ”
UNICEF ပေးတဲ့အကူအညီထဲမှာ စခန်းဆောက်ဖို့ တာလပတ်ဖျင်တွေ၊ အိုးခွက်ပန်းကန်တွေ၊ အသုံးအဆောင်ပစ္စည်းတွေပါတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကို ထွက်ပြေးလာသူတွေပါ။ ဒုက္ခသည်တွေအတွက် အကူအညီ အမြောက်အမြားလိုအပ်နေတယ်လို့ ကုလသမဂ္ဂဘက်ကလည်း ပြောပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရနဲ့ အပစ်အခပ်ရပ်စဲရေး ဆွေးနွေးပွဲတွေ လုပ်နေပေမယ့် တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် ဒုက္ခသည်စခန်းကို ကုလသမဂ္ဂ အနေနဲ့ပဲ လာရောက်ကူညီဖို့ KIA က သဘောတူ လက်ခံခဲ့ပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် စခန်းတွေကို မြန်မာ တပ်မတော်အနေနဲ့ ထိုးစစ်ဆင်သိမ်းပိုက်တာတွေမလုပ်ဖို့ ကာကွယ်ရေး ဦးစီးချုပ်ကို အကြောင်းကြားထားတဲ့ ဒီဇင်ဘာလ ၁၀ ရက် ရက်စွဲနဲ့ သမ္မတရဲ့ ညွှန်ကြားစာကို ပီးခဲ့တဲ့ တနင်္လာနေ့က မြစ်ကြီးနား မြို့တော်ခန်းမမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဖတ်ပြသွားတယ်လို့ သိရပါတယ်။