ဖက်ဒရယ်ပညာရေး မူဝါဒပေါ်ထွန်းရေး UNA နဲ့ NNER ခေါင်းဆောင် များ ဆွေးနွေး

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNAနဲ့ ပညာရေး စနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့ဝင်တွေဟာ ဖက်ဒရယ် ပညာရေးမူဝါဒပေါ်ထွန်းလာရေး နဲ့ ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့က UNA ရုံးမှာ တွေ့ ဆုံဆွေးနွေးကြပါတယ်။

UNA အဖွဲ့နဲ့ NNER အဖွဲ့တို့ မတ်လ ၉ ရက်နေ့က ရန်ကုန်မြို့ UNA ရုံးမှာ တွေ့ဆုံဆွေးနွေးနေစဉ် Photo: National Network Education Reform/ Facebook

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER အဖွဲ့ဝင်တွေဟာ ဖက်ဒရယ် ပညာရေးမူဝါဒပေါ်ထွန်းလာရေးနဲ့ ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့က UNA ရုံးမှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

ဖက်ဒရယ်ပညာရေးမူဝါဒပေါ်ထွန်းလာရေးအတွက် UNA ဘက်က ပြင်ဆင်ထားတာတွေနဲ့ NNER ဘက်က တိုင်းရင်းသားဘာသာစကား သင်ကြားရေးဆိုင်ရာ မူဝါဒတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ NNER အဖွဲ့ဝင် ကိုစိုးထွန်းက ပြောပါတယ်။

"UNA အဖွဲ့ကလည်း ဖက်ဒရယ်ပညာရေးမူဝါဒခွင့်ကို သူတို့ဘက်က ဘာတွေပြင်ထားတာရှိမလဲပေါ့၊ သူတို့ ဘက်ကရော ဘာတွေဆွေးနွေးညှိနှိုင်းထားတာရှိမလဲပေါ့၊ NNER ဆိုရင်လည်း တိုင်းရင်းသားမိခင်ဘာသာ စကား သင်ကြားရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က အားလုံးတစ်နိုင်ငံလုံးအနှံ့ ဆွေးနွေးပွဲတွေပြု လုပ်ပြီး ရလာတဲ့ မူဝါဒပေါ့နော်၊ အဲ့ဒီဟာကို ကျနော်တို့တင်ပြတယ်၊ တိုင်းရင်းသားအဖွဲ့စည်းတွေဘက်က လည်း သူတို့ဘက်ကမရှင်းလင်းတာရှိရင် သူတို့ဘက်ကဖြစ်စေချင် တာလေးကို ဆွေးနွေးကြတယ်"

အဲ့ဒီဆွေးနွေးပွဲမှာ ဖယ်ဒရယ်စနစ်နဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်ဖြစ်ပေါ်လာရေး၊ တိုင်းရင်းသားဒေသတွေမှာ သက်ဆိုင်ရာဘာသာစကားနဲ့ စာသင်ကြားနိုင်ရေး နဲ့ ကျောင်းတွေကို သက်ဆိုင်ရာအစိုးရအဖွဲ့အလိုက် စီမံခန့်ခွဲ ပိုင်ခွင့်ရှိရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို UNA ဘက်က ဦးစိုင်းညွန့်လွင် ခေါင်းဆောင်တဲ့ အဖွဲ့ဝင်တွေနဲ့ NNER ဘက်က ဒေါက်တာ သိန်းလွင် ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၁၁ ဦး ဆွေးနွေးကြတာဖြစ် ပါတယ်။

UNA အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေဟာ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွင်း တိုင်းဒေသ ကြီး/ ပြည်နယ်နဲ့ ပြည်ထောင်စုလွှတ်တော်တို့မှာ ကိုယ်စားလှယ် ၈၀ ကျော် နေရာရရှိထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org