ရပ်ရွာအသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ကြိုဆိုတယ်လို့ ကုလပြော
ရခိုင်ပြည်နယ်မှာ ရပ်ရွာအသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေး စီမံကိန်းတွေကို အစိုးရက ကြိုးပမ်းဆောင်ရွက်နေတဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့က ကြေညာပါတယ်။
-
2018-12-18 -
-
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ်မှာ ရပ်ရွာအသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေး စီမံကိန်းတွေကို အစိုးရက ကြိုးပမ်းဆောင်ရွက်နေတဲ့ အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့က ကြေညာပါတယ်။
UNDP နဲ့ UNHCR အကြီးအကဲတွေရဲ့ ငါးရက်တာ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ဒေသခံ ရပ်ရွာအသိုင်းအဝိုင်းတွေ နဲ့ တိုက်ရိုက်ထိတွေ့ ပြောဆိုမေးမြန်းခဲ့ကြပါတယ်။ ဒေသခံတွေ ကြုံတွေ့ရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊ သူတို့ရဲ့ ရှေ့ရေး အနာဂတ်ကိစ္စတွေ မေးမြန်းပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂအဖွဲ့ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ အစိုးရဝန်ကြီးတွေ၊ ဒေသဆိုင်ရာ အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။