အမုန်းစကားတွေ ကြိုတင်ဖြေရှင်းဖို့ Facebook ကို ကုလအရာရှိ ပြောကြား

Facebook လူမှုကွန်ရက်မှာ ဖော်ပြတဲ့ အမုန်းစကားတွေကို ဖြစ်လာမှဖြေရှင်းတာထက် ကြိုတင်ပြီး ဖြေရှင်းပါလို့ ဒီသီတင်းပတ်ကုန်မှာ တာဝန်က အနားယူတော့မယ့် ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီမဟာမင်းကြီး Zeid Ra’ad Al Hussein က မနေ့က တိုက်တွန်းလိုက်ပါတယ်။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းတွေ အလွန်အကျွံ မသတ်မှတ်ဖို့လည်း သတိပေးပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Hussein ကို လူ့အခွင့်အရေးကောင်စီမှာ တွေ့ရစဉ် UN Photo-Violaine Martin

Facebook လူမှုကွန်ရက်မှာ ဖော်ပြတဲ့ အမုန်းစကားတွေကို ဖြစ်လာမှဖြေရှင်းတာထက် ကြိုတင်ပြီး ဖြေရှင်းပါလို့ ဒီသီတင်းပတ်ကုန်မှာ တာဝန်က အနားယူတော့မယ့် ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီမဟာမင်းကြီး Zeid Ra’ad Al Hussein က မနေ့က တိုက်တွန်းလိုက်ပါတယ်။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းတွေ အလွန်အကျွံ မသတ်မှတ်ဖို့ လည်း သတိပေးပါတယ်။

ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသုတ်သင်ဖွယ်ရှိတယ်ဆိုတဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က တင်ပြတာနဲ့ ဆက်စပ်ပြီး ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ Facebook အကောင့် စာမျက်နှာတွေကို ပိတ်ပင်ဖို့ Facebook က ဆုံးဖြတ်လိုက်ပြီးတဲ့နောက် လူ့အခွင့်ရေးကောင်စီ မဟာမင်းကြီး Zeid  က မေတ္တာရပ်ခံတာလည်း ဖြစ်ပါတယ်။

လူမှုမီဒီယာကွန်ရက်ဟာ မြန်မာနိုင်ငံက လူအတော်များများအတွက် သတင်းနဲ့ အချက်အလက်ရနိုင်တဲ့ ပင်မ ဇာစ်မြစ်ဖြစ်ပေမယ့် တပ်နဲ့ ဘာသာရေး သဘောထားတင်းမာသူတွေအဖို့ အမုန်းစကား ဖြန့်ပေးတဲ့ နေရာတစ်ခု လည်း ဖြစ်နေပြန်ပါတယ်။

ဒါကြောင့်လည်း Facebook နဲ့ အစောပိုင်းမှာတွေ့တဲ့ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေ တာတွေ မြင်ရတွေ့တာတွေကို စိတ်မသက်မသာဖြစ်ရပေမယ့် Facebook က ဒါကို အဲဒီတုန်းက သိပ်ပြီး အလေးအနက် ထားပုံမရဘူးလို့ လူ့အခွင့်ရေးကောင်စီ မဟာမင်းကြီး Zeid က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org