မြန်မာပြည်အခြေအနေ ပိုဆိုးလာကြောင်း ကုလအတွင်းရေးမှူးချုပ်တင်ပြ

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေ ပိုဆိုးလာပြီး ငတ်မွတ်ခေါင်းပါးမှုတွေလည်း ပိုတိုးလာတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ပြောလိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ AFP

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေ ပိုဆိုးလာပြီး ငတ်မွတ်ခေါင်းပါးမှုတွေလည်း ပိုတိုးလာတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ လတ်တလောကျင်းပနေတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း စက်တင်ဘာ ၁၉ ရက်က ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံတွင်း ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ ဖိနှိပ်မှုတွေရှိနေပြီး ငတ်မွတ်ခေါင်းခေါင်းပါးမှုတွေဟာလည်း ပိုပိုဆိုးလာသလို ဒီမိုကရေစီ ပြန်ရရေး မျှော်လင့်ချက်တွေဟာလည်း ရိုက်ချိုးဖျက်ဆီးခံနေရတယ်’’ လို့ အတွင်းရေးမှူးချုပ်က ပြောသွားပါတယ်။

မြန်မာအပါအဝင် တစ်ကမ္ဘာလုံးမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဖြေရှင်းဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးပြီး လတ်တလောမှာတော့ အဲဒီလိုအတူတကွ ပူးပေါင်းတုံ့ပြန်တာတွေ မလုပ်နိုင်ဘူးဖြစ်နေတယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

လက်ရှိ ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နေရာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်း ခန့်အပ်ခံထားရပေမဲ့ ညီလာခံအတွင်း နိုင်ငံကိုယ်စားပြု တက်ရောက်မိန့်ခွန်းပြောခွင့်တော့ မရှိပါဘူး။

ဦးကျော်မိုးထွန်းဟာ နောက်ထပ်တစ်နှစ် ထပ်မံသက်တမ်းတိုးခွင့်ရဖို့ ကြိုးပမ်းနေပြီး စိစစ်ရေးကော်မတီက လာမယ့် ဒီဇင်ဘာလထဲမှာ အဆုံးအဖြတ်ပေးဖို့ရှိပါတယ်။

မနေ့က ညီလာခံမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လည်း မိန့်ခွန်းပြောကြားခဲ့ပေမဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ထည့်သွင်းပြောကြားတာ မရှိခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org