နာရေးကူညီမှုအသင်းသုံး လိုင်စင်မဲ့ကားတွေ တရားဝင်ဖြစ်ရေး ကြိုးပမ်းဖို့ တိုက်တွန်း

နယ်မြို့ နာရေးကူညီမှုအသင်းတွေမှာ သုံးနေတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေ တရားဝင်ဖြစ်ဖို့ အစိုးရအနေနဲ့ ကူညီသင့်ကြောင်းနဲ့ လိုင်စင်မဲ့ မော်တော်ယဉ်တွေကိုသုံးနေတဲ့ နယ်ဒေသ နာရေးကူညီမှုအသင်းတွေအနေနဲ့လည်း လွှတ်တော်ထံ စာရေးသားအကူအညီတောင်းကြဖို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူက ဒီနေ့ ပြောပါတယ်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူကို တွေ့ရစဉ်

နယ်မြို့ နာရေးကူညီမှုအသင်းတွေမှာသုံးနေတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေ တရားဝင်ဖြစ်ဖို့ အစိုးရ အနေနဲ့ ကူညီသင့်ကြောင်းနဲ့ လိုင်စင်မဲ့ မော်တော် ယာဉ်တွေကိုသုံးနေတဲ့ နယ်ဒေသ နာရေးကူညီမှု အသင်းတွေအနေနဲ့လည်း လွှတ်တော်ထံ စာရေးသား အကူအညီတောင်းကြဖို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူက ဒီနေ့ ပြောပါတယ်။

တချို့နယ်ဒေသတွေက နာရေးကူညီမှုအသင်းတွေမှာ လိုင်စင်မဲ့ကားတွေ သုံးနေတာကြောင့် ဖမ်းဆီးခံရမှုတွေ ရှိနေတဲ့အပေါ် RFA က မေးမြန်းရာမှာ နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူက အခုလို ပြော ပါတယ်။

"ရန်ကုန်မြို့ ကျနော်တို့အသင်းတွေကလွဲလို့ ကျန်တဲ့ အသင်းအားလုံးက without တွေ တော်တော်များများ သုံးကြတယ်၊ အသင်းတွေကိုဖမ်းမယ်၊ ကားတွေကို သိမ်းမယ်ဆိုရင် တတိုင်းပြည်လုံးက လူမှုဒုက္ခတွေ အားလုံးကို အစိုးရက တကယ့်ကိုလုပ်ပေးနိုင်မှာလား တတိုင်းပြည်လုံးမှာရှိတဲ့ လူမှုအဖွဲ့တွေအားလုံးက တကယ်ကို မှန်မှန်ကန်ကန်နဲ့ ကူညီချင်တဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်တဲ့ အသင်းအဖွဲ့တွေကတော့ ဒီကိစ္စကို လွှတ်တော်ကိုစာတင်ပြဖို့ ကျနော်တိုက်တွန်းတယ်"

ပြီးခဲ့တဲ့ မတ်လက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ နာရေးကူညီမှုအသင်းက နာရေးယာဉ်တစ်စီးနဲ့ လူနာတင်ယာဉ်တစ်စီးဟာ လိုင်စင်မဲ့ယာဉ်တွေဖြစ်တဲ့အတွက် ဖမ်းဆီးခံထားရပြီး အဲဒီက အလုပ်အမှုဆောင် ခုနစ်ဦးကိုလည်း လိုင်စင်မဲ့ယာဉ်အသုံးပြုမှုနဲ့ အရေးယူတာတွေရှိတယ်လို့ သိရပါတယ်။

နာရေးကူညီမှုအသင်း(ရန်ကုန်) မှာသုံးတဲ့ မော်တော်ယာဉ်တွေကို အစိုးရက “နာ” ဆိုတဲ့ လိုင်စင်ချထားပေးပြီးသားဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org