NLD ခေါင်းဆောင်များကို ရှေ့နေဦးအေးမြင့် စွပ်စွဲ ဝေဖန်

လမ်းပြကြယ် ဦးအေးမြင့်လို့ လူသိများတဲ့ ပဲခူးမြို့မှာ နေထိုင်သူ ရှေ့နေဦးအေးမြင့်က NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းကို ဒီရက်ပိုင်းတွေအတွင်း အဆက်မပြတ် ဝေဖန်စွပ်စွဲမှုတွေ ပြုလုပ်နေပြီး ၊ ရွေးကောက်ပွဲ ကိုသပိတ်မှောက်ဖို့ တကယ် ပြောတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် မှားယွင်းတယ်လို့လည်း သူက ပြောပါတယ်။

ပဲခူးမြို့မှ လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ရှေ့နေ ဦးအေးမြင့် ဖြစ်ပါသည်။ (Photo: RFA) (Photo: RFA)

လွတ်လပ်တဲ့အာရှအသံ (RFA) ကိုလည်း ဦးအေးမြင့်က ဘက်လိုက်မှု အများဆုံး အသံလွှင့်ဌာနတခုအဖြစ် စာရေးသား ဖြန့်ချိနေပါတယ် ။

ဒါနဲ့ပတ်သက်ပြီး ရှေ့နေ ဦးအေးမြင့်ကို RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org